မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

ပုံအညွှန်း - မိုင်းဆွဲတိုက်ခိုက်နေစဥ် ဓါတ်ပုံ - PDF – South Monywa

ပါခွီး
မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန၊ မုံရွာခရိုင်အမှတ်(၁၁) တပ်ရင်း၊ PDF – South Monywa က မတ်လ ၂၇ ရက် ယနေ့ ထုတ်ပြန် သည်။
မြင်းမူမြို့နယ်၊ ဝမ်းပြည့်နှင့် အလက္ကပ္ပကျေးရွာအကြားတွင် တပ်စွဲအထိုင်ချရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်ကို မတ်လ ၂၄ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ မိုင်းဆွဲတာနှစ်ခု၊ ဒရုန်းနဲ့ဗုံးချတာနဲ့ လက်နက်ကြီးနဲ့ပစ်တာနှစ်ကြိမ် တိုက်ခဲ့တာပါ၊ ထိခိုက် ဒဏ်ရာရသွားကြတာများတယ်” ဟု PDF – South Monywa တာဝန်ရှိသူ ဒေါင်းကာရံကမဇ္စျိမကိုပြော သည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း မြေပြင် သတင်းပေးချက်များအရ သိရသော်လည်း အသေးစိတ်ကို အတည်ပြုရန် ကြိုစားနေဆဲဖြစ်ကြောင်းဆို သည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးငယ်များဖြင့် ပြန်လှန်ပစ်ခတ်ခဲ့သော် လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို PDF – South Monywa နှင့်အတူ စစ်ကိုင်းခရိုင်တပ်ရင်း(၁) Knight Commanders PDF ၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁) တပ်ခွဲ(၂) Zarmani Revolution Force၊ GTR MMU ၊ Myinmu Revolution Force တို့ ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။
မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် လမ်းရှင်းထွက်လာသည့် ကားတစီးနှင့် ခြေလျင်စစ်ကြောင်းကို မတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၃၄ မိနစ်နှင့် ညနေ ၅ နာရီ ၃၁ မိနစ်တို့တွင် PDF – South Monywa နှင့် မဟာမိတ် အဖွဲ့က ပဒေသာမိုင်းခြောက်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

စာတည်း။ ။စောဖေ