သင်္ဘောတည်ဆောက်ရေးကဏ္ဍတွင် တောင်ကိုးရီးယားက တရုတ်ကို ကျော်တက်ပြီး ကမ္ဘာ့နံပါတ်(၁)ဖြစ်လာ

ပုံစာ- ဟွန်ဒိုင်းသင်္ဘောတည်ဆောက်ရေးလုပ်ငန်းခွင်အား တွေ့ရစဉ်။

ပုံစာ- ဟွန်ဒိုင်းသင်္ဘောတည်ဆောက်ရေးလုပ်ငန်းခွင်အား တွေ့ရစဉ်။

Greek City Times

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ၌ သင်္ဘောအမှာစာများရရှိမှုတွင် တောင်ကိုးရီးယားသင်္ဘောတည်ဆောက် ရေးကုမ္ပဏီများက တရုတ်ကုမ္ပဏီများကို ကျော်တက်ပြီး ကမ္ဘာ့နံပါတ်(၁)နေရာသို့ ရောက်ရှိလာခဲ့သည်။

သင်္ဘောစျေးနှုန်းများမြင့်တက်နေချိန်တွင် HD Korea Shipbuilding & Offshore Engineering (KSOE) သည် အယ်လန်ဂျီ (LNG) တင်သင်္ဘောလေးစင်း၊ မော်တော်ကားတင်သင်္ဘော နှစ်စင်း၊ ရေနံတင်သင်္ဘော ကြီး နှစ်စင်း၊ ဓာတ်ငွေ့ရည် (LPG)တင် အလတ်စားသင်္ဘော နှစ်စင်းနှင့် ရေနံဓာတုပစ္စည်းတင်သင်္ဘော လေးစင်းအတွက် အမှာစာများ ရရှိခဲ့သည်။

ယင်းသင်္ဘောများ၏ စုစုပေါင်းမှာယူမှုတန်ဖိုးမှာ ဝမ် ၂ ဒသမ ၇၂၁၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၃၅ ဘီလီယံ) ရှိသည်။ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတွင် တရုတ်နှင့် တောင်ကိုရီးယား တို့သည် ကမ္ဘာ့ဈေးကွက်တွင် ထိပ်တန်းနေရာအတွက် အပြင်းအထန်ပြိုင်ဆိုင်နေသည်။

တရုတ်က လုပ်သားအင်အား အားသာချက်ရှိပြီး တောင်ကိုရီးယားက နည်းပညာပိုင်းတွင် ဦးဆောင်နေ သည်။

လုပ်သားချို့တဲ့ခြင်းက အားနည်းချက်ဖြစ်သော်လည်း တောင်ကိုရီးယားက တရုတ်ကို သိသိသာသာပြီး ခြိမ်းခြောက်နေပြီး တရုတ်ထက် အမှာစာများ ရံဖန်ရံခါ ပိုမိုရရှိခဲ့သည်။

မှတ်သားဖွယ်ကောင်းသည်မှာ တောင်ကိုရီးယားသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း အမှာစာ အသစ်များ ပိုမိုရရှိခဲ့သည်။

တောင်ကိုရီးယားနှင့် တရုတ်တို့က သင်္ဘောတည်ဆောက်ရေးလုပ်ငန်းပိုင်းတွင် အသာစီးရရန် ကြိုးပမ်းနေကြသည်။ တရုတ်၏ အားသာချက်မှာ ဈေးနှုန်းနှင့် များများထုတ်လုပ်နိုင်ခြင်းဖြစ်သော်လည်း သင်္ဘော တည်ဆောက်ရေးလုပ်ငန်းပိုင်း၏ အနာဂတ်သည် ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိသော နည်းပညာနှင့် အလိုအလျောက်လုပ်ဆောင်ချက်ဖြစ်ကြောင်း တောင်ကိုရီးယားက ယူဆထားသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် တောင်ကိုရီးယားသည် အမှာစာအသစ်များ ဝေစုအများဆုံးရရှိခဲ့ကြောင်း ကယ်ဆွန် သုတေသနဌာနက ဖော်ပြခဲ့သည်။ တောင်ကိုရီးယားလုပ်ငန်းသည် အမှာစာအသစ်၏ ၄၄ ရာခိုင်နှုန်းကို ရရှိခဲ့သော်လည်း တရုတ်သင်္ဘောတည်ဆောက်ရေးကုမ္ပဏီများက ၃၄ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

ဂျပန်နိုမူရာစတော့ကုန်စည်ဒိုင်က ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်း အထူးသဖြင့် HD Hyundai အား မှာယူမှုများသည် ၂၀၂၂ ခုနှစ်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ဟု ခန့်မှန်းခဲ့သည်။

ကမ္ဘာ့အဆင့်တွင်၊ တောင်ကိုရီးယားက သင်္ဘောကြီးများတည်ဆောက်မှုစွမ်းရည်၊ R&D အစပျိုးမှုနှင့် နည်းပညာတိုးတက်မှုများကြောင့် ယင်းစက်မှုလုပ်ငန်းတွင် ထိပ်တန်းဖြစ်လာခဲ့သည်။

ဓာတ်ငွေ့တင်သင်္ဘောများနှင့် ကွန်တိန်နာသင်္ဘောများကဲ့သို့ တန်ဖိုးမြင့်သင်္ဘောများ ထုတ်လုပ်မှုသည် တောင်ကိုရီးယားက အခြားနိုင်ငံများထက် အားသာချက်များရှိခဲ့သည်။

သင်္ဘောတည်ဆောက်ရေးသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ကိုရီးယားပို့ကုန်အတွက် အမေရိကန် ဒေါ်လာ ၉ ဒသမ ၂၂ ဘီလီယံ ရရှိခဲ့သဖြင့် နှစ်အလိုက်နှိုင်းယှဉ်ပါက ၁၁ ဒသမ ၉ ရာခိုင်နှုန်း တိုးလာ ခဲ့သည်။