ယူနိုက်တက်နည်းပြ အလုပ်နဲ့ပတ်သက်တဲ့ ထင်ကြေးတွေကို “ဂရုမစိုက်’ကြောင်း အဲရစ် တန်ဟက်ဂ် ပြော

By PKThawn

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က သူ့အလုပ်နဲ့ပတ်သက်တဲ့ ထင်ကြေးတွေကို ဂရုစိုက်မနေကြောင်း ပြောပါတယ်။

ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ Ineos အုပ်စုဟာ ဒီနွေရာသီမှာ နည်းပြအဖွဲ့ပိုင်းကို ပြန်လည်ဖွဲ့စည်းဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

အင်္ဂလန်အသင်းလက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်ဟာ ချိတ်ဆက်ခံနေရပေမယ့် တန်ဟက်ဂ်ရဲ့ နည်းပြအလုပ်ဖြစ်တာကြောင့် ဒါဟာ “လုံးဝ မလေးစားရာရောက်တယ်”လို့ သူက ပြောပါတယ်။

“မန်ယူမှာ ကလပ်၊ မန်နေဂျာ၊ ကစားသမားတွေနဲ့ ပတ်သက်ပြီး ကောလာဟလတွေ အမြဲပဲ ဆူညံနေမယ်ဆိုတာ ခင်ဗျား သိထားမှာပါ”လို့ တန်ဟက်ဂ်က ပြောပါတယ်။

“ကျနော်တို့ဟာ လုပ်ငန်းစဉ်ကို အာရုံစိုက်နေပါတယ်၊ ပိုကောင်းအောင် ကစားဖို့၊ ကစားပုံ တိုးတက်ဖို့အတွက် အသင်းအပေါ် အာရုံစိုက်နေတယ်၊ ဒါကြောင့် [အလုပ်နဲ့ ပတ်သတက်တဲ့ ထင်ကြေးတွေကို] ကျနော် ဂရုစိုက်မနေပါဘူး။”

ဝုဖ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်ဟာလည်း Ineos က ဘောလုံးပိုင်းဆိုင်ရာ လုပ်ငန်းလည်ပတ်မှုပိုင်းကို လက်လွှဲရယူပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်ဘက်က မည်သည့်စိတ်ဝင်စားမှုကိုမျှ သိရှိမထားကြောင်း ငြင်းဆိုခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ရာသီက တန်ဟက်ဂ်ရဲ့ ပထမရာသီမှာ ကာရာဘောင်းဖလားကို ဆွတ်ခူးပြီး ပရီးမီးယားလိဂ်မှာ တတိယနေရာရခဲ့ပေမယ့် ဒီရာသီမှာ လိဂ် ၂၈ ပွဲမှာ ၁၁ ပွဲရှုံးပြီးနောက် သူတို့ဟာ အဆင့် (၆) နေရာမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့်လည်း သူတို့ဟာ လီဗာပူးလ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ အမှတ်ရစရာ ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Ref; BBC