ပုံဟောင်းနဲ့ သတင်းတုဖန်တီးပြီး PDF ရဲမေကို ပုံဖျက်တိုက်ခိုက်တဲ့ သတင်းတု |Misinformation Buster S3|Ep.112

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတပတ်အစီအစဉ် မှာတော့

– PNLO/PNLA ကို လူမှုအဖွဲ့အစည်းပေါင်း ၁၉၄ ဖွဲ့က ကန့်ကွက်ရှုတ်ချတယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု အကြောင်းနဲ့အတူ

– ပုံဟောင်းနဲ့ သတင်းတုဖန်တီးပြီး PDF ရဲမေကို ပုံဖျက်တိုက်ခိုက်တဲ့ သတင်းတု

– ချင်းမိုင်က စေတီပြိုကျတဲ့ ရုပ်သံ ဖိုင်အဟောင်းဖြစ်တဲ့အကြောင်း နဲ့

– မတ်လအတွင်းပျံ့နှံ့ခဲ့တဲ့ သတင်းအမှားတွေအကြောင်းကို စုစည်းတင်ဆက်ပေးသွားမှာပါ။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။