မြဝတီမြို့ လက်ရှိအခြေအနေ ကွင်းဆင်းသတင်းပေးပို့မှု | Frontline Report (EP – 09)

မြ၀တီမြို့တွင် လက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားများလည်ပတ်နေမှုနှင့် မြို့အနေအထားကို မဇ္ဈိမ စစ်သတင်းထောက် ဟန်ထူးဇော်က လျို့ဝှက်ဝင်ရောက်ကာ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများနှင့် သတင်းတင်ဆက်မှုဖြစ်ပါသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါလှသော နယ်စပ်ဝင်ထွက်ပေါက် မြို့ဖြစ်သော မြ၀တီနှင့်အနီးတဝိုက် မတ်လ ပထမပတ်မှစတင်ပြီး တိုက်ပွားများဖြစ်ပွားနေခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF ) ပူးပေါင်းတပ်များက မြို့စောင့်တပ်အပါအဝင် မြ၀တီမြို့အနီးရှိ သင်္ကန်းညီနောင်မှ စစ်ကောင်စီတပ်ရင်း သုံးခုမှစစ်သည်များကိုလည်း မောင်းထုတ်ကာ စခန်းသိမ်းမှုများပြုလုပ်နိုင်ခဲ့သည်။ 

သို့သော် မြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ (၂၇၅) မှ ထွက်ပြေးသွားသော စစ်သည်များမှာ ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော် အမှတ် (၂) တံတားအနား ပြောင်းရွှေ့နေရာယူထားပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ဌာနအချို့လည်း မြို့တွင်းကျန်ရှိသည်။ 

မဇ္ဈိမစစ်သတင်းထောက်က ဧပြီ ၁၄ ရက်နေ့တွင် သွားရောက်မှတ်တမ်းတင်ကာ Frontline Report အတွက် ပေးပို့ထားသည်။

(ရိုက်ကူး၊ တည်းဖြတ်၊ တင်ဆက်- ဟန်ထူးဇော်)