ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ရှိရာ နေရာ ၃ ခုကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ)။ ။ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲ‌နေတဲ့ နေရာသုံးခုကို မတ်လ ၂၃ ရက် မနက် ၅ နာရီအချိန်မှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် ဒရုန်းလက်ရုံးတပ်ဖွဲ့ အမှတ်(၁၈၄၈)ထံက သိရပါတယ်။

တိုက်ခိုက်မှုကို ကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်‌ကြောင်းလည်း သိရပါတယ်။

မတ်လ ၁၈ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ်ကနေ မြောင်မြို့နယ် ကျောက်ရစ် တပ်စခန်းကို ရိက္ခဖြည့်တင်းဖို့ ထွက်ခွါလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သားလေးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း-လွှမ်းမိုး/ရုပ်သံတည်းဖြတ်-ရွှေနွယ်