အညာနွေအပူကိုအံတုနေတဲ့ စာအံသံများ

ဂျူချန်း

(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ဧပြီလ‌က ဒေသအများအပြား နေ့အပူချိန်တွေ စံချိန်တင်မြင့်တက်ခဲ့သလို ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေထဲမှာလည်း အညာဒေသက မြို့အချို့ပါဝင်ခဲ့ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ အယ်နီညိုဖြစ်စဥ်ရဲ့ သက်ရောက်မှုကြောင့် နေ့အပူချိန်တွေ ကျဆင်းသွားဖို့မရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

အညာဒေသက ကြားကာလပညာရေးကျောင်းတွေဟာ အခုလိုပူပြင်းတဲ့ရာသီကို အံတုပြီး စာသင်ကြား‌ပေးနေတာမို့ အညာမှာ နွေနဲ့အပြိုင် ကလေးငယ်တွေရဲ့စာအံသံတွေ ညံ‌နေပါတယ်။

တည်းဖြတ်/တင်ဆက် – ဂျူချန်း