သာစည်မြို့နယ်တွင် စစ်မှုထမ်းရန် အိတ်ပိတ်စာ​ကြောင့် ​ဒေသခံလူငယ်များထွက်​ပြေး

ပုံအညွှန်း- စစ်မှုထမ်းရန် စုဆောင်းခံရပြီးနောက် စစ်သင်တန်းတက်နေရသူများ (ပြည်သူ့စစ်မှုထမ်းများ စုစည်းရာတယ်လီဂရမ်ချန်နယ်)

ပုံအညွှန်း- စစ်မှုထမ်းရန် စုဆောင်းခံရပြီးနောက် စစ်သင်တန်းတက်နေရသူများ (ပြည်သူ့စစ်မှုထမ်းများ စုစည်းရာတယ်လီဂရမ်ချန်နယ်)

ဓါတု

(မဇ္ဈိမ)။ ။ မန္တ​လေးတိုင်း၊ သာစည်မြို့နယ် သမန်းကန်​​ကျေးရွာတွင် စစ်မှုထမ်းရန်​ခေါ်ယူမည့် အမည်စာရင်း အိတ်ပိတ်စာ​ကြောင့် ​ဒေသခံလူငယ် လူလတ်ပိုင်းများ ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း သိရသည်။

အဆိုပါ​ကျေးရွာတွင် စစ်မှုထမ်းရမည့်သူများကို ယခင်လို မဲနှိုက်ခိုင်းသည့်ပုံစံမျိုးမဟုတ်​တော့ဘဲ အထက်မှ​ရွေးချယ်ထားသည့်သူများ ဖြစ်သည်ဟု ဆိုသည်။

“ဒီရွာအတွက် ငါး​ယောက် စာအိတ်အပိတ်နဲ့လာ​တော့ ဘယ်သူပါမှန်း မသိရဘူး။ အဲ့ဒါ​ကြောင့် ဒီ​နေ့ မနက်အုပ်ချုပ်​ရေးမှူး ကိုမိုး​ကျော်သူ အစည်းအ​ဝေးတက်​နေချိန် ရွာကလူငယ်​တွေ ရွာပြင်ကို အကုန်ထွက်​ပြေးကြပြီ” ဟု ​ဒေသခံသတင်းရင်းမြစ် တဦးက မဇ္စျိမကို​ပြောသည်။

ယင်း သမန်းကန်​ကျေးရွာတွင် အိမ်​ခြေ ၃၅၀ ရှိပြီး ယခင် ဧပြီလက မဲ​ပေါက်ထားသည့်သူများလည်း အချိန်မီထွက်​ပြေးနိုင်ခဲ့​ကြောင်း သိရသည်။

အဆိုပါ​ ကျေးရွာနှင့်နီးစပ်သည့် သမန်းကန်ရွာနှင့်ခန့်မှန်း ငါးမိုင်အကွာက ​ပျော်ဘွယ်မြို့နယ်ရှိ ​ပေါက်တန်း​ကျေးရွာတွင်လည်း ယမန်​နေ့ ​(မေလ ၂၄ ရက်)ညက စစ်မှုထမ်းရန် မဲ​ပေါက်သည့်သူများကို စစ်​ကားနှစ်စီးဖြင့်​ ခေါ်​ဆောင်ရန်​ရောက်ရှိလာသဖြင့် ​ဒေသခံများရွာလုံးကျွတ်​ အချိန်မီထွက်​ပြေးတိမ်း​ရှောင်နိုင်​ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်ကလည်း သာစည်မြို့နယ် ဘူးရုံ​ကျေးရွာတွင် စစ်မှုထမ်းမည့်သူများအတွက် ထောက်ပံ့​ကြေး​ကို တအိမ်လျှင် ကျပ် ၂၀၀,၀၀၀ ပေး​ဆောင်ရန် ​ငွေညှစ်သည့်ပုံစံဖြင့် ကျောင်းထိုင်ဘုန်းကြီးမှ ဦး​ဆောင်စီစဥ်​ခဲ့​သေးသည်။

သို့​သော် အ​ဆိုပါသတင်းထွက်​ပေါ်ပြီး​နောက် စစ်မှုထမ်းရန်မဲ​ပေါက်သည့် လူငယ် ၁၄ ဦးမှာ အချိန်မီထွက်​ပြေးသွားခြင်း​ကြောင့် ​ကျောင်းထိုင်ဘုန်းကြီးမှ ​ငွေ​ကောက်ခံခြင်းမပြုလုပ်​တော့​ကြောင်း ဘူးရုံ​ကျေးရွာခံထံက သိရသည်။

စစ်ကောင်စီအ​နေဖြင့် စစ်မှုမထမ်းမ​နေရ ဥပ‌ဒေအရ အပတ်စဥ်များအတွက် ဆင့်​ခေါ်ခြင်းကို လာမည့်ဧပြီလ သင်္ကြန်ကာလအပြီးမှသာ အကောင်အထည်ဖော်​ဆောင်မည်ဟု​ ကြေညာထား​သော်လည်း ပြီးခဲ့သည့် မတ်လကစ၍ လက်ရှိအချိန်ထိ အပတ်စဥ်အလိုက် အတင်းအကျပ်​ခေါ်​ဆောင်၍ စစ်သင်တန်းပေးခြင်းများ လုပ်​ဆောင်​လျက်ရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)