တွန်းဇံနှင့် ကျီးခါး မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲရပြန်လာသော CDF တပ်ဖွဲ့ဝင်များကို ကြိုဆို

မေလ ၂၆ရက်နေ့တွင် တွန်းဇံမြို့နှင့်ကျီခါးမြို့ မြို့သိမ်းတိုက်ပွဲမှ ပြန်လာသော CDF-ထန်တလန် တပ်ဖွဲ့ဝင်များကို ကြိုဆိုဂုဏ်ပြုနေသည့်မြင်ကွင်း/ (Photos။ ။ CDF- Thantlang)

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံနှင့် ကျီးခါး မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲရပြန်လာသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များကို မေလ ၂၆ ရက်နေ့တွင် ဒေသခံများက ကြိုဆိုခဲ့ကြပြီး မှတ်တမ်းဓာတ်ပုံများကိုလည်း CDF- ထန်တလန်က မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ရှေ့တန်းပြန် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများနှင့် တပ်ဖွဲ့ဝင် ရဲဘော်များက အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြပြီး ကျဆုံးတပ်ဖွဲ့ဝင်များအတွက်လည်း ဆုတောင်းအလေးပြုခဲ့ကြကြောင်း CDF- Thantlang တပ်ဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်ရှိ ကျီးခါးမြို့ကို တိုက်ခိုက်ပြီး ငါးရက်အကြာ မေလ ၁၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းနောက် တွန်းဇံမြို့ကို ဆက်ပြီးထိုးစစ်ဆင်ခဲ့ရာ မေလ ၂၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) က ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်