ရေဖြူတွင် CDM ဆရာမ ၂ ဦးကို စစ်ကောင်စီက ထောင် ၁၀ နှစ်စီ ချမှတ်

ပုံအညွှန်း- ထောင်ဒဏ်ချမှတ်ခံရသော CDM ကျောင်းဆရာမ ဒေါ်သီတာဦး(တက္ကသိုလ်ရှေ့ပုံ) နှင့် ဒေါ်နီလာစန်းဦး(တက္ကသိုလ်ရှေ့ပုံ) နှင့် CDM ကျောင်းဆရာမ ဒေါ်နီလာစန်း

ပုံအညွှန်း- ထောင်ဒဏ်ချမှတ်ခံရသော CDM ကျောင်းဆရာမ ဒေါ်သီတာဦး(တက္ကသိုလ်ရှေ့ပုံ) နှင့် ဒေါ်နီလာစန်းဦး(တက္ကသိုလ်ရှေ့ပုံ) နှင့် CDM ကျောင်းဆရာမ ဒေါ်နီလာစန်း

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် CDM ကျောင်းဆရာမ နှစ်ဦးကို မေ ၂၈ ရက်တွင် စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရ သည်။

ဒေါ်သီတာဦး (ခ) ကေဂျာနူး သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်က စျေးဝယ်ပြီးအပြန် ဆင်ကူးရွာ လမ်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး
ဒေါ်နီလာစန်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၁၁ နာရီခွဲ အချိန်တွင် ၎င်း၏နေအိမ်၌ စစ်ကောင်စီ မောရ၀တီရေတပ်က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ထားဝယ်ခရိုင် တရားရုံးကနေပြီးတော့ ဒီ ဆရာမနှစ်ဦးကို ပုဒ်မ နှစ်ခုနဲ့ ထောင် ၁၀ နှစ်စီချမှတ်လိုက်တာ ဖြစ်တယ်”လို့ မိသားစုနှင့် နီးစပ်သူ တဦးက ပြော သည်။

၎င်းတို့ကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးပြီး သုံးလကျော် အကြာ ၁၀ ကြိမ်မြောက်ရုံးချိန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၀) ည၊ (၅၀၅) က တို့ဖြင့် တရားစွဲဆို ထောင်ချခဲ့ခြင်း ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုထားသည်။

ပုံအညွှန်း- ထောင်ဒဏ်ချမှတ်ခံရသော CDM ကျောင်းဆရာမ ဒေါ်သီတာဦး(တက္ကသိုလ်ရှေ့ပုံ) နှင့် ဒေါ်နီလာစန်းဦး(တက္ကသိုလ်ရှေ့ပုံ) နှင့် CDM ကျောင်းဆရာမ ဒေါ်နီလာစန်း

အသက် ၄၀ နှစ်ရှိ ဆရာမ ဒေါ်သီတာဦး သည် မင်းသားရွာတွင် နေထိုင်ပြီး ဘုရားမဲရွာတွင် အမက မူလတန်းပြ ကျောင်းအုပ် CDM ဆရာမ ဖြစ်ကာ
အသက် ၃၈ နှစ်ရှိ ဒေါ်နီလာစန်းသည် လှည်းကုန်း အမှတ် (၂) ရပ်ကွက်တွင် နေထိုင်ပြီး လှည်းကုန်းရွာ မူလွန်ကျောင်းမှ အလယ်တန်းပြ CDM ဆရာမ ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကလည်း မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သည့် ကံပေါက်က အလယ်တန်းပြ CDM ဆရာမ ဒေါ်ယဥ်ယဥ်အေးနှင့် မိကျောင်းအိုင် ရတနာလမ်းတွင် နေထိုင်သူ ဒေါ်သက်သက်မော် အထက ကလိန်အောင် အထက်တန်းပြ CDM ဆရာမ နှစ်ဦးကိုလည်း စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၂) က နဲ့ ထောင် လေးနှစ်စီ ချမှတ်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး