PDF Zoland အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၄) သင်တန်းဆင်းပွဲကျင်းပ

ပုံအညွှန်း။ ။ PDF-Zoland အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် (၁၄) သင်တန်းဆင်းပွဲ ဓာတ်ပုံ \ ဓာတ်ပုံ။ ။ PDF- Zoland

ပုံအညွှန်း။ ။ PDF-Zoland အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် (၁၄) သင်တန်းဆင်းပွဲ ဓာတ်ပုံ \ ဓာတ်ပုံ။ ။ PDF- Zoland

ကိုခင်မောင်

(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကိုတော်လှန်နေသော ဇိုမီးဖက်ဒရယ်အစည်းအရုံး (PDF- Zoland)က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၄) သင်တန်းဆင်းပွဲကို ဇွန်လ ၁ရက်နေ့တွင် ကျင်းပခဲ့ကြောင်း ယနေ့ (ဇွန်လ ၇ရက်) တွင် ထုတ်ပြန်သည်။

သင်တန်းတွင် သင်တန်းသား ရဲဘော်အမျိုးသား ၆၆ဦး၊ ရဲမေအမျိုးသမီး ၁၅ ဦး စုစုပေါင်း ၈၁ဦး တက်ရောက်ခဲ့ကြောင်း PDF Zoland ထံကသိရသည်။

မေလ ၂၆ရက်နေ့မှ စ၍ PDF Zoland ဦးဆောင်သော ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအားထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး လက်ရှိတွင် နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး