သွားနဲ့ခံတွင်း မသန့်တဲ့ဆိုးကျိုး – BBC News မြန်မာ

သွားနဲ့ ခံတွင်း ကျန်းမာသန့်စင်ဖို့ ဘာတွေ လုပ်ရမလဲ။ ခံတွင်း အနံ့ဆိုးနေတာ ဘာ့ကြောင့်လဲ။ ကိုယ့်သွားတိုက်နည်းက မှန်ရဲ့လား။ သွားဖုံး ပြည်တည်တဲ့ ရောဂါ၊ ရေစီးကမ်းပြို သွားဖုံးရောဂါနဲ့ ခံတွင်းကင်ဆာ စတဲ့ ခံတွင်းမသန့်ရာကနေ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးရောဂါတွေအကြောင်း ယူကေနိုင်ငံက သွားနဲ့ခံတွင်း ဆရာဝန် ဒေါက်တာ ဇာနည်ရဲမြင့် က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။