‌ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပြည်လုံးကျွတ်လူထုပန်းသပိတ် ဖော်ဆောင်ကြရန် GSCB တိုက်တွန်း

မဇ္ဈိမ

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၉ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပြည်လုံးကျွတ် လူထုပန်းသပိတ် ဖော်ဆောင်ကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုက တိုက်တွန်းလိုက်သည်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုသည့်အနေဖြင့် တော်လှန်ရေးအင်အားစုများက “ ပန်းသပိတ် လှုပ်ရှားမှုကြီး” ကို ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆင်သင့်ရာ ပန်းများဖြင့် ဘုရားပန်းတင်ခြင်း၊ ပန်ဆင်ကြခြင်းဖြင့် ပန်းသပိတ်လူထုလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နိုင်ကြောင်း သပိတ်အင်အားစုများက တိုက်တွန်းထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၇၉ နှစ်ပြည့် မွေးနေ့ကို အကျဉ်းထောင်အတွင်း ဖြတ်သန်းရမည်ဖြစ်ပြီး ယင်းသည် အကျဉ်းထောင်တွင်းဖြတ်သန်းရမည့် ၎င်း၏ လေးနှစ်မြောက် မွေးနေ့လည်း ဖြစ်သည်။

Video- GSCB