မုံရွေးတိုးဂိတ် အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ကို ဒရုန်းဖြင့်တိုက်ခိုက်

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ် အနီးသို့ ချောင်းဦး မြပုလဲစစ်ဆေးရေးဂိတ်မှ လာရောက် ကင်း‌ေစာင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း Special Force 11 PDF အဖွဲ့ က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၂ ရက်၊ မနက် ၉ နာရီ ဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးသီး လေးလုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Special Force 11 PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

၄င်းက “ ကြေးစင်တောင်က ကြေးနီးတွေကို ထုတ်ပေးနေတာကို ကင်းယူနေတာကို တိုက်ခိုက်ခဲ့တာ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ပဲသိထား တယ်။ အသေးစိတ် တော့မသိရသေးဘူး” ဟုပြောသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ ဘက်ကလည်း လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် ထိခိုက်မှုမရှိသော်လည်း ပြည်သူ နှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Special Force 11 PDF အဖွဲ့ ထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် ဝမ်ပေါင်ကြေးနီ စီမံကိန်း အတွင်း မှ ထွက်လာသည့် ကြေးနီတင် မော်တော်ယာဉ်များကို မုံရွာ-မန္တလေး လမ်းပိုင်း တလျှောက် လုံခြုံရေး ယူပေးနေခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များကလည်း မိုင်းဆွဲတိုက်ခိုက်ခြင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခြင်းများ ကို ပြုလုပ်နေခြင်းဖြစ်သည်။

ယင်း အပြင် ဇွန်လ ၂၁ ရက်နေ့ ကလည်း စစ်ကိုင်းမြို့ ကနေ မုံရွာ န.မ.ခ သို့ ရိက္ခာများပို့ဆောင်ရန်လာသည့် ယာဉ် နှစ်စီးပါ စစ်ကောင်စီ၏ မော်တော်ယာဉ်တန်းကို ရှေ့ထွက်မိုင်း တပွိုင့် ၊ ပဒေသာမိုင်း လေးလုံး တပွိုင့် စုစုပေါင်း နှစ်ပွိုင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Special Force 11 PDF အဖွဲ့ က ထုတ်ပြန်သည်။

၎င်းက “ မုံရွာအဝင် မုံရွေး တိုးဂိတ်အနီးမှာ ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ရှေ့ ဆုံးကလာတဲ့ ယာဉ်နောက်ပိုင်းကို ထိမှန်ခဲ့တယ် ကား က အဲ့မုံးရွေး ဂိတ်အနီးမှာပဲ ထိုးရပ်သွားတယ်အဲ့ဒီကားနား မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သား တယောက်ပွဲချင်းပြီး သေသွားတယ်” ဟုပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုများကို Special Force-11(PDF) ၊ မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA) ၊ Monywa Dynamite(STF) အဖွဲ့တို့ ကပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး