ဒေါ်လာသန်းပေါင်းများစွာ လုပ်ငန်းတွေကို ဆုံးရှုံးဖို့နီးစပ်လာတဲ့ စစ်ကောင်စီ

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းခွင်တစ်နေရာကိုတွေ့ရစဉ်/Photo:AFP

ဒိုင်းနက်ရှင်

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ် ကင်းစင်ရေး ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ကြောင့် ရခိုင် ပြည်နယ်ထက်ဝက်ကျော်ကို စစ်ကောင်စီဘက်ကဆုံးရှုံးထားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်က မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲမြို့တို့အပြင် ချင်းပြည်နယ်က ပလက်ဝမြို့ကိုပါ အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မှာ အာရက္ခတပ်တော်သိမ်းယူဖို့ကျန်တဲ့မြို့ဆိုလို့ မောင်တော၊ စစ်တွေ၊ တောင်ဂုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ ဂွ၊ အမ်းနဲ့ မာန်အောင်တို့ပဲ ကျန်တော့တာဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီမြို့တွေကို စစ်ကောင်စီ ထိန်းချုပ်ထားတယ်ဆိုပေမယ့် အာရက္ခတပ်တော်ရဲ့ဝိုင်းပတ်ပိတ်ဆို့ခံထားရပြီး ဘယ်နေ့အပြီးသတ် လာတိုက်မလဲဆိုတာကို ခံစစ်ပြင်ပြီးစောင့်နေ ရတဲ့အနေအထားဖြစ်ပါတယ်။ အခုဆိုရင် အာရက္ခတပ်တော်ရဲ့ထိုးစစ်ဟာ ရခိုင်ပြည်နယ်ရဲ့စီးပွားရေးမြို့တော်တွေ ဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ သံတွဲမြို့တွေနားကို ချဉ်းကပ်လာနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်က ငပလီကမ်းခြေနဲ့ သံတွဲလေဆိပ်အနီးက ကျေးရွာတွေမှာ နှစ်ဖက်တိုက် ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းဟာ စစ်ကောင်စီအတွက် စစ်ရေးအရသာမက စီးပွား ရေးအရပါ အရေးပါနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ်ရှိနေသလို နှစ်စဉ် ဒေါ်လာသန်းနဲ့ချီပြီး ဝင်ငွေရနေတဲ့ စီးပွားရေးလုပ်ငန်းတွေလည်းရှိနေတာပါ။ အဓိကအနေ နဲ့ ဒေါ်လာဘီလီယံချီပြီး ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေရှိနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လက်ရှိစစ်ရေးအခြေအနေဟာ စစ်ကောင်စီအတွက် နလန်ပြန်ထူနိုင်မယ့် အခြေအနေမျိုးမဟုတ် ပါဘူး။ ခုခံခွာစစ်အဆင့်မျိုးမဟုတ်တော့ဘဲ ဆုတ်ခွာထွက်ပြေးနေရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း စစ်ကောင်စီတပ်သားတစ်ယောက်ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် စစ်ကောင် စီတပ်ရဲ့အခြေအနေမှန်တွေပေါ်လာသလို တပ်တွင်းမယုံကြည်မှုတွေလည်း မြင့်မားလာနေတာဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုဖိုင်ထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်တပ်(၄)နဲ့ (၉)ရဲ့ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာ လာချိန်မှာ စစ်ကောင်စီအရာရှိတွေက ကယ်ဆယ်ရေး ကမ်းထိုးရေယာဉ်ဆီအရင်သွားခဲ့ပြီးနောက် နောက်ကလိုက် လာတဲ့ တပ်ဖွဲ့ဝင်မိသားစုတွေရဲ့ လှေနှစ်စင်းကို သေနတ်နဲ့ ပစ်လွှတ်တာကြောင့် လှိုင်းအရှိန်နဲ့ စက်လှေမှောက်ပြီး အမျိုးသမီးနဲ့ကလေးငယ်တချို့ ရေနစ်ပျောက်ဆုံးခဲ့တဲ့ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေဟာ စစ် ကောင်စီတပ်ဖွဲ့တွေကြား အထက်အောက်မယုံကြည်မှုတွေကို တိုးပွားစေခဲ့သလို ရခိုင်စစ်မျက်နှာမှာ

ကြာကြာ တောင်ခံထားနိုင်ဖို့ ယုံကြည်ချက်နဲ့ စိတ်ခွန်အားတွေပါ ပျောက်ဆုံးနေပြီဆိုတာ ပေါ်လွင်ခဲ့ပါတယ်။ လက်ရှိမှာ အာရက္ခတပ်တော်ဟာ အိန္ဒိယနိုင်ငံရဲ့ ကုန်းတွင်းပိတ်ဒေသဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက် ကုန် သွယ်ရေးစီမံကိန်းဖြစ်တဲ့ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အပြည့်အဝထိန်းချုပ်ထားခဲ့သလို ရခိုင်ပြည်နယ် တဝက်ကျော်ကိုလည်း သိမ်းပိုက်ထိန်းချုပ်လာနေပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးကိုသာ အာရက္ခတပ်တော် ထိန်းချုပ်လိုက်နိုင်မယ်ဆိုရင် စစ်ရေးနဲ့ စီးပွားရေးမှာသာမက နိုင်ငံရေးဘက်မှာပါ ချိန်ခွင်လျှာ အများကြီးပြောင်းလဲသွားနိုင်တဲ့ အနေအထားလည်းဖြစ်ပါတယ်။ လတ်တလောကာလမှာပဲ တရုတ်နဲ့ အိန္ဒိယက သူတို့အကျိုးစီးပွားတွေအတွက် စစ်ရေးအားသာမှုရလာတဲ့ အာရက္ခတပ်တော်ဘက်ကို မျက်နှာမူလာနေပြီ ဖြစ်ပါ တယ်။ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို အိန္ဒိယဘက်ကပြန်ဖွင့်ပေးခဲ့သလို တရုတ်ကလည်း သူတို့ရင်း နှီးမြှုပ်နှံမှုတွေအတွက် အာရက္ခတပ်တော်နဲ့ ဆွေးနွေးလာခဲ့တာတွေ့ရပါတယ်။

ဇွန်လ ၈ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာရက္ခတပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကိုယ်တိုင် ရခိုင်ပြည်နယ်မှာရှိတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီး တရုတ်ကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေး နွေးမှုရှိတဲ့အကြောင်း တရားဝင် ထုတ်ပြောထားခဲ့တာပါ။ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာကြဖို့လိုလားပြီး ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ အကျိုးစီးပွား ရေးအတွက် အကာအကွယ်ပေးလိုကြောင်း တရုတ်ရဲ့သဘောထားကို ထုတ်ပြောထားခဲ့ပါတယ်။ အာရက္ခတပ် တော်အနေနဲ့ တရုတ်ရဲ့ပြောဆိုချက်တွေကို အထူးအလေးထားပြီး တရုတ်အကျိုးစီးပွားနဲ့ ပတ်သက်လို့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုမဆို အကာအကွယ်ပေးဖို့ ကြေညာထားပြီးသားဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ တရုတ်ရင်းနှီးမြှုပ် နှံမှုတွေအနေနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ရှိနေပြီး ဒေါ်လာ ခုနစ် ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့လည်းရှိ နေတာဖြစ်ပါတယ်။ ဒီအတွက် အာရက္ခတပ်တော်ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားပုံရပါတယ်။ ရခိုင်ပြည်နယ် မှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အာရက္ခတပ်တော်နဲ့ ပူးပေါင်း ဖို့နဲ့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုအသစ်တွေကိုလည်းဖိတ်ခေါ်ကြောင်း ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်မှာ တရားဝင် ကြေညာထားခဲ့တာပါ။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိမိဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းတဲ့ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုတဲ့ ဘယ်လိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြတဲ့သူတွေရဲ့ လုံခြုံရေး၊ အသက်အန္တရာယ် တို့ကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကြေညာထားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း (၂၈)ခုအထိရှိပြီး တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလျံကျော်အထိရှိနေတာဖြစ်ပါတယ်။ အများစုမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေဖြစ်ပါတယ်။ မိုင် ၅၀၀ နီးပါးရှည်လျားတဲ့ တရုတ်-မြန်မာ ရေနံပိုက်လိုင်းဟာ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူ မဒေးကျွန်း ကနေအစပြုပြီး မြန်မာနိုင်ငံအလယ်ပိုင်းက မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်မြောက်ပိုင်းတို့ကို ဖြတ်သန်းကာ တရုတ် နိုင်ငံ ကူမင်းမြို့ကို သွယ်တန်းထားတာဖြစ်ပါတယ်။ ရေနံစိမ်းသယ်ယူတာအတွက် ပိုက်လိုင်းဖြတ်သန်းခအဖြစ် ရေနံစိမ်း တစ်မက်ထရစ်တန်ကို အမေရိကန် တဒေါ်လာနှုန်းနဲ့ တရုတ်နဲ့ မြန်မာအကြား သဘောတူထားခဲ့တာဖြစ် ပါတယ်။ အဲဒီရေနံပိုက်လိုင်းနဲ့အတူ ဓာတ်ငွေ့ပိုက်လိုင်းတခုကိုလည်း ပူးတွဲတည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီဓာတ်ငွေ့ပိုက်လိုင်းကတဆင့် ရခိုင်ကမ်းလွန်မှာ တောင်ကိုရီးယားကုမ္ပဏီ POSCO ကတူးဖော်နေတဲ့ ရွှေသဘာ ဝဓာတ်ငွေ့စီမံကိန်းက ထွက်လာတဲ့ဓာတ်ငွေ့တွေကို တရုတ်ဘက်ပို့နေတာဖြစ်ပါတယ်။ ၂၀၁၈-၁၉ ဘတ်ဂျက်နှစ် မှာ ဓာတ်ငွေ့တင်ပို့တဲ့ ပိုက်လိုင်းစီမံကိန်းကနေ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၉၆၅ သန်းနဲ့ ရေနံပိုက်လိုင်း စီမံကိန်းကနေ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၁၇၄ သန်း၊ နှစ်ခုပေါင်း အမေရိကန်ဒေါ်လာ ၁၀၇ သန်းကျော်ကို မြန်မာဘက်က ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အာရက္ခတပ်တော်က သိမ်းပိုက်ဖို့ပြင်ဆင်နေတဲ့ ကျောက်ဖြူမြို့ မှာ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေသာမက တရုတ်နဲ့ ပူးပေါင်းပြီး ဒေါ်လာ ခုနစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် ရေနက်ဆိပ်ကိမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းလည်းရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို တရုတ် နိုင်ငံပိုင် CITIC Group ကုမ္ပဏီနဲ့ စစ်ကောင်စီတို့ လက်မှတ်ရေးထိုးထားခဲ့တာလည်းဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းမှာ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတချို့လည်းရှိနေ တာပါ။ တရုတ်အစိုးရပိုင်လုပ်ငန်း Power China Resources နဲ့ ပြည်တွင်းကုမ္ပဏီ Supreme Group တို့ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားတဲ့ လျှပ်စစ်စီမံကိန်း တခုနဲ့ ဟောင်ကောင်ကုမ္ပဏီ Vpower က လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံ သုံးရုံ ရှိနေတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကစပြီး နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးအကျပ် အတည်းတွေကြောင့် Vpower ရဲ့ စက်ရုံ သုံးရုံကိုတော့ ရပ်နားထားတာပါ။ သံတွဲမြို့ အရှေ့မြောက်ဘက် (၁၂)မိုင် အကွာမှာဆိုရင်လည်း ဂျပန်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုပါဝင်တဲ့ လျှပ်စစ်စီမံကိန်းတစ်ခု ရှိနေပါတယ်။ လက်ရှိမှာ နယ် မြေမတည်ငြိမ်မှုကြောင့် စီမံကိန်းကိုရပ်ထားရပေမယ့် တည်ဆောက်ရေးလုပ်ငန်းတွေအားလုံး ပြီးစီးလုနီးပါးဖြစ် ပါတယ်။ ဒီစီမံကိန်းဟာ သူဌေးချောင်းပေါ်မှာရှိပြီး ရခိုင်ပြည်နယ်ရဲ့ ပထမဆုံး ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ စီမံကိန်းတခုလုံးပြီးစီးဖို့ လျာထားခဲ့တာဖြစ်ပါတယ်။ ဒီလိုဒေါ်လာ ဘီလီယံချီတဲ့လုပ်ငန်းတွေအပြင် နယ်စပ်ကုန်သွယ်ရေးတွေကလည်း ရခိုင်ပြည်နယ်မှာ ဒေါ်လာသန်းချီပြီး ရှိနေ

တာဖြစ်ပါတယ်။ စစ်တွေကုန်သွယ်ရေးစခန်းနဲ့ မောင်တောကုန်သွယ်ရေးစခန်းတွေကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှုဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၂၃ ဒသမ ၁၈ သန်းအထိရှိပြီး စစ်အာဏာမသိမ်းခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကဆိုရင် အမေရိကန်ဒေါ် လာ ၆၂၂ ဒသမ ၅၈၇ သန်းအထိရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာ ရင်းတွေအရ သိရပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ကိုဆုံးရှုံးမယ်ဆိုရင် စစ်ကောင်စီအတွက် စစ်ရေးမှာသာမက စီးပွားရေးအတွက်ပါ အထိအနာဆုံးဖြစ်မယ့်ကိန်းမျိုးဆိုက်နေခဲ့ပြီဖြစ်ပါတယ်။