အခက်အခဲတွေကြားက အညာစာသင်ခန်းများ

MTO

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ တော်လှန်ရေးကာလမှာ ကလေးသူငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေဖို့အတွက် အညာဒေသမှာတော့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ဦးဆောင်မှုနဲ့ ကြားကာလပညာ သင်ကျောင်းတွေကို ဖွင့်လှစ်သင်ကြားပေးနပါတယ်။

တော်လှန်ရေးကာလ တနည်းအားဖြင့် စစ်တွင်းကာလလိုဖြစ်နေတဲ့အချိန် အညာဒေသက ပညာရေးကျောင်းတွေဟာလည်း အခက်အခဲ အကျပ်အတည်းတွေကြားက ကလေးသူငယ်တွေ ပညာတတ်မြောက်ရေးအတွက် နည်းလမ်းမျိုးစုံ နဲ့ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

မကွေးတိုင်းအတွင်းက ဆောမြို့နယ်မှာတော့ လေကြောင်းရန်အန္တရာယ်ကြောင့် စာသင်ကျောင်းကို နေရာအတည်တကျမထားနိုင်တော့ဘဲ အဆင်ပြေတဲ့နေရာတွေမှာပဲ ဖြစ်သလို သင်ကြားပေးနေရတယ်လို့ ဆောမြို့နယ် ပညာရေးအဖွဲ့ တာ၀န်ခံ ဆရာမဆိုဖီယာက ပြောပါတယ်။

သတင်း – MTO
တည်းဖြတ် ၊ တင်ဆက် — MTO