ဓာတ်ပုံအဟောင်း အသုံးပြုပြီး သတင်းတုဖြင့် တော်လှန်ရေးရဲမေများကို ပုံဖျက်တိုက်ခိုက်

JC

(မဇ္ဈိမ)။ ။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တန်းစီပြီးရိုက်ထားတဲ့ဓာတ်ပုံတပုံနဲ့ PDF ရဲမေတွေကို ပုံဖျက် တိုက်ခိုက်ထားတဲ့ ပုံတပုံ ပျံ့နေပါတယ်။ ဒီပုံဟာ PDF ရဲမေတွေရဲ့ ပုံမဟုတ်ပါဘူး။

“နယ်စားကြီး” ဆိုတဲ့ ဖေ့ဘုတ်အကောင့်တခုက “မြန်မာ့တပ်မတော် နှင့် ပြည်ခိုင်ဖြိုး ချစ်သူများ 💚(We Love ARMY & USDP)✅” ဆိုတဲ့ ဖေ့ဘုတ်ဂရုမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဒီပုံကို ဖြန့်ဝေထားတာပါ။ ပုံပေါ်မှာ “တောခိုး GZ အတွက့် သူပုန်လက်ဆောင်” လို့ရေးထားပြီး “အရီးဒေါ်ပုံ အောင်သွားပြီ” လို့ ရေးသားထားတဲ့ Screen shoot တစ်ခုကို ဖြန့်ဝေထားတာပါ။

ဒီပုံနဲ့ပဲ ၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းကလည်း DGF21News ကနေ “မဖုံးနိုင်မဖိနိုင် ဗိုက်ကိစ္စတွေ ထွက်လာတဲ့ PDF မများ” ဆိုပြီး PDF ရဲမေတွေကို ဂုဏ်သိက္ခာကျဆင်းစေပြီး အသရေဖျက်တဲ့ စကားလုံး တွေနဲ့ ဖော်ပြခဲ့ပါသေးတယ်။

ဒီပုံရဲ့နောက်ကြောင်း ဇစ်မြစ်ကို မဇ္ဈိမက ဆန်းစစ်လေ့လာတဲ့အခါမှာတော့ ဒါဟာ ပုံဟောင်းတပုံ ဖြစ်နေ တာကိုတွေ့ရပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။