နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၈ ဇွန် ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့ တီမောလက်စ်တီ ဒီမိုကရက် တစ် သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းမြောက်ဒေသ နှင့် မန္တလေးတိုင်း စစ်ဆင်ရေးများတွင် PDF တပ်ရင်း၊ တပ်ဖွဲ့များ ပါဝင် တိုက်ခိုက်နေပြီး အောင်ပွဲများ ဆက်တိုက် ရရှိထားဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

ပြင်ဦးလွင် ခရိုင် ပကဖ နှင့် မတ္တရာ မြို့နယ် ပကဖ တို့စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၄ လက်၊ ခဲယမ်းများ၊ ထောက်ပို့ယာဉ်များနှင့်အတူ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

မြန်မာပြည်ရှိ ကလေးငယ်များနှင့် ပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး၌ သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုသည်။

ရှမ်းမြောက်နှင့် မန္တလေး တိုင်းအတွင်း၌ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် မဟာမိတ်တပ်ဖွဲ့များနှင့် အတူ တိုက်ပွဲဝင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လုံခြုံရေးနှင့်အကြမ်းဖက်မှုနှိမ်နင်းရေးအထူးတပ်ဖွဲ့ (SSTF) က ထုတ်ပြန်အသိပေးသည်။

လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်စစ်ကောင်စီကို ထိရောက် သည့် အရေးယူမှုများ မလုပ်သည့်အတွက် မြန်မာပြည်သူများ ကြီးမားသော ဒုက္ခကို ခါးစည်းခံစား နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ရန် ကန့်သတ်ချက်များစွာ ရှိနေခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ရကြောင်း နယ်စည်းမခြားဆရာဝန်များအသင်း MSFက ယမန်နေ့(ဇွန်လ ၂၇ ရက်)တွင် ထုတ်ပြန်သည်။

မိုးကုတ်နှင့် ကျောက်မဲမြို့တွင် ယမန်နေ့( ဇွန်လ ၂၇ရက်)ညက စစ်ကောင်စီ လေကြောင်းတိုက် ခိုက်မှုကြောင့် ကိုရင်နှင့်သီလရှင်နှစ်ပါးပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရသူ များပြားသည်ဟု ဒေသခံများပြောသည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဧရာဝတီမြစ်အတွင်း ထင်းမျောဆယ်နေသော အမျိုးသားတစ်ဦးအား စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျွဲထိန်းကုန်းကျေးရွာနှင့် အနီးဝန်းကျင်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၂၇ရက် နေ့လည် ၁၂နာရီမှာ K-8W Jet Fighter အမျိုးအစား တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၁)မှ ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် အလုပ်လုပ်ပေးနေသူ မြင့်နိုင်ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း Black Dragon GBK PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင် ရေးသားထားသည်။

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ၂၈ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းသည် ဇွန်လ ၂၇ နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ထိုင်းဘဏ်များမှတစ်ဆင့် စစ်လက်နက်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနေ ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၂၆ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ပြောဆိုသည်။

စစ်တပ်၏ လက်နက်ဝယ်ယူမှုအပါအဝင် အထောက်အပံ့ကောင်းများ ရရှိစေရန် ထိုင်းဘဏ်များက ပံ့ပိုးနေသည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် အလေးအနက်ထား စုံစမ်းသွား မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်းသတင်းများတွင် ပြောဆိုလိုက်သည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်နှင့် ထွက်ပြေးနေ၍ လိုက် လံရှင်း လင်းနေသောကြောင့် ပြည်သူများ လုံခြုံရေးသတိပြုနေထိုင်ပေးကြရန် မိုးကုတ်ဗျူဟာက ယနေ့ (ဇွန်လ ၂၈ရက်)တွင် သတိပေးထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်အမျိုးသား အစည်းအရုံး – KNU ဒူးပလာယာခရိုင်အတွင်းရှိ အကြမ်း ဖက်စစ်ကောင်စီ လက် အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး နှုက်ထွက်၊ ပြောင်းရွှေ့၊ ထွက်ခွာသွားကြရန်နှင့် ထုတ် ပြန်ထားသည့်အမိန့်ကို လိုက်နာခြင်းမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း KNU ဒူးပလာယာ ခရိုင်က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ ခြေမြန်တပ်ရင်း ခမရ (၁၁၅) ကို သိမ်းပိုက်စဉ်လက်နက်ခဲ ယမ်း ၃၅၀ ကျော် သိမ်းပိုက်ရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)မှ ယနေ့ (ဇွန် ၂၈ ရက်)သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့မ ရဲစခန်းမှ သိမ်းဆည်း ရရှိထားသော မူးယစ်းဆေးဝါး မှတ်တမ်း ဓာတ်ပုံများ ကို TNLA ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ

၃၆ ကြိမ်မြောက် မြန်မာ- ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးကို မြိတ်မြို့တွင် ကျင်းပလျက်ရှိပြီး ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်များ တက်ရောက်နေကြောင်း သိရှိရသည်။

ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက် ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော ခရီးသွား လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့်‌ ဆောက်လုပ်ရေးလုပ်ငန်းများအပါအဝင် ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည်။

ငွေကြေးခဝါချမှုနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဘဏ်များအနေဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိ ကြောင်း ယမန်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးလမ်း အချိန်မနှောင်းခင် နောက်ကြောင်းပြန်လှည့်ရန် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ဇွန်လ ၂၆ ရက် တွေ့ဆုံချိန် တိုက်တွန်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ အနောက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေစဉ် မြန်မာ၏ အနီးကပ်ဆုံး မဟာမိတ်များတနက် တနိုင်ငံဖြစ်သော အိန္ဒိယက ထိုဒေသမှ ၎င်းတို့ ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးရန် စစ်ကောင်စီကို တိုက်တွန်းလိုက်သည်။

မြန်မာ – ကိုရီးယား ချစ်ကြည်ရေး ဒလတံတားတည်ဆောက်မှုစီမံကိန်းကို လာမည့်၂၀၂၅ ခုနှစ် မကုန်မီအပြီး တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်ကိုးကား၍ စစ်ကောင်စီလက်အောက်ခံမီဒီယာများတွင် ဖော်ပြထားသည်။

ဈေးအရောင်းစင်တာများ၊ Super Market များ၊ Mini Mart များတွင်လည်း ရွှေဘိုပေါ်ဆန်းများ၊ ဧရာဝတီပေါ်ဆန်းများ၊ ဧည့်မထဆန်များအား Consumer Pack များဖြင့် ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချပေးလျက်ရှိပြီး ယခင်ကထက်ပို၍ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန် ထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဇွန်လ (၂၆) ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာ ဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေး ရန်တော င်းဆိုမှုများနှင့် ပတ်သက်၍ ပြင်းထန်စွာကန်ကွက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဇွန် ၂၈ ရက် သုံးသပ်ချက်

အာဏာသိမ်းစစ်တပ်က စစ်လက်နက်ပစ္စည်းဝယ်ယူမှုများတွင် ထိုင်းဘဏ်များမှတဆင့်လုပ်ဆောင် နေသည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် Tom Andrews က အစီအရင်ခံစာထုတ်ပြန်မှုသည် စစ်ကောင်စီ ဘဏ်များနှင့် ထိုင်းနိုင်ငံမှ ဘဏ်များ ကိုပါ ရိုက်ခတ် မှုရှိခဲ့ သည်ကို တွေ့ရသည်။ ယင်းအစီအရင်ခံစာတွင် ဖော်ပြပါရှိသည့် ဘဏ်များ ပါဝင်ပတ် သက်မှုရှိသည်ကို ထပ်မံစိစစ်တွေ့ရှိပါက နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုကို ခံရဖွယ်ရှိနေသည်။