ခင်ဦး ဒေသခံ ၃၀ နီးပါးကို စစ်ကောင်စီတပ်စစ်ကြောင်း ဖမ်းဆီး (ရုပ်/သံ)

ခင်ဦး ဒေသခံ ၃၀ နီးပါးကို စစ်ကောင်စီတပ်စစ်ကြောင်း ဖမ်းဆီး

MTO

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးဝင်ရောက် လာပြီးနောက် တောင်ယာ လုပ်ကိုင်နေတဲ့ ပြည်သူ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်းက ရေဦးနယ် ဘက်ကနေ ခင်ဦးနယ် ဘက်ကို တိတ်တဆိတ် ဝင်ရောက်လာပြီးနောက် အင်းဒိုင်နဲ့ မြင်းဒေါင်းကျေးရွာက တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံ နီးပါးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။

တင်ဆက်၊ တည်းဖြတ် — MTO