ရှေ့တန်းရောက် လင်ယောက်ျားတွေ ဒဏ်ရာရပြီး ဆေးရုံရောက်ပါစေလို့ ဆုတောင်းနေရတဲ့ အိမ်ထောင် သည် ရဲမေတွေရဲ့ ဘဝ

အယ်ဒီတာထံပေးစာ

ရှေ့တန်းစစ်ဆင်ရေးတွေမှာ သွားရောက်တာဝန်ထမ်းဆောင်နေရတဲ့ မိမိတို့လင်ယောက်ျားတွေ မပြော ကောင်း၊ မဆိုကောင်း ရှေ့တန်းမှာဒဏ်ရာပြီး ဆေးရုံ၊ ဆေးခန်းတွေရောက်ပါစေလို့ နောက်တန်းက အိမ် ထောင်သည်လိုင်းကရဲမေတွေ ဆုတောင်းနေရတယ်။


စစ်တပ်အတွင်းက ပညာသည်အုပ်စုလို့ခေါ်တဲ့ တပ်ရင်းတပ်ဖွဲ့တွေကို တပ်ရင်းတခုကို သတ်မှတ်လူဦးရေ နဲ့ ပြင်ဦးလွင်ကသင်တန်းတွေတက်ဖို့ ဆင့်ခေါ်ခံရပြီး သင်တန်းမပြီးဆုံးခင် သင်တန်းကာလအတွင်းမှာ ရှေ့တန်းကိုပို့နေလို့ ထိခိုက်သေဆုံးနေကြပါတယ်။


ကျွန်မယောက်ျားက တပ်ထဲစဝင်ကတည်းက ပညာသည်အုပ်စုအနေနဲ့ ဝင်တာ။ စစ်သင်တန်းပြီးတာနဲ့ နောက်တန်းမှာပဲ နေရတာ။ အခုတော့ သင်တန်းတက်ရမယ်ဆိုပြီး ပြင်ဦးလွင်ရောက်မှ ရှေ့တန်းပါသွား တယ်။ သူတို့တင်မဟုတ်ဘူး စစ်ကြောင်းမှူးတွေလည်း သင်တန်းကျောင်းအုပ်တွေပဲ။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ပြင်ဦးလွင်နဲ့ ၁၅ မိုင်ဝေးတဲ့ နောင်ချိုမြို့နယ်က သံဘိုရွာတိုက်ပွဲမှာ အဖမ်းခံရတဲ့ စစ်ကြောင်းမှူးဆိုရင် သင်ကြားရေးကနေ စစ်ဆင်ရေးကိုရောက်ရှိလာတဲ့ ကထိက တဦးပါ။


အဲဒါကြောင့် နောက်တန်းက ကျွန်မတို့လိုအိမ်ထောင်သည်တွေ ငါ့တို့ယောက်ျားတွေ ဒဏ်ရာရပြီး ဆေးရုံ ရောက်ပါစေလို့ ဆုတောင်းနေကြရတယ်။ ဒါမှ နောက်တန်းမှာ ပြန်နားလို့ရမှာ။ မဟုတ်ရင် မသေမခြင်း ရှေ့တန်း ထွက်နေရမှာ။

အိမ်ထောင်သည်ရဲမေတဦး