TNLA ထိန်းချုပ်မှုအောက်က ကွတ်ခိုင်မြို့

၀၀၉

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို တအာန်းတပ် TNLA က ဇန်နဝါရီလ ၈ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်လိုက်ပါတယ်။

မြို့အနောက်ဘက် အမှတ် (၁) ရပ်ကွက်ရှိ စစ်ဗျူဟာအဖွဲ့(အခြေချ) တပ်စခန်းကြီးကို TNLA က ဇန်နဝါရီလ ၈ ရက် မနေက်အစောပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး‌နောက် မြို့ကို ဆက်လက်ထိန်းချုပ်ထားပါတယ်။

လက်ရှိမှာ မြို့အဝင်အထွက်ကို TNLA က ဖွင့်လှစ်ထားပြီး တိုက်ပွဲရှောင်နေကြတဲ့ ဒေသခံတွေဟာလည်း မြို့တွင်းထဲ ပြန်လည်ဝင်ရောက်လာနေကြပါတယ်။

TNLA ဘက်က မြို့တွင်း လုံခြုံရေးတပ်ချ နေရာယူထားပြီး လူမှုဝန်ဆောင်မှုလုပ်ငန်းနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ စတင်တော့မယ်လို့ သိရပါတယ်။