အသံတိတ်သပိတ်နှင့် အဖြူရောင်ကမ်ပိန်းပြုလုပ်ရန် စ ကြဝတေးမင်းကြီး သပိတ်ကော်မတီတိုက်တွန်း

မင်းထက်

(မဇ္စျိမ) ။ ။ ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇန်နဝါ ရီလ ၃၁ ရက်နေ့ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သ ပိတ်ကော်မတီအဖွဲ့ဦးဆောင်ပြီး အသံတိတ်သပိတ်နှင့် အဖြူရောင်ကမ်ပိန်းပြုလုပ်ရန် တိုက်တွန်းသည့် ညသပိတ်ပြုလုပ်ခဲ့ကြသည်။

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသံတိတ်သပိတ်နှင့် အဖြူရောင်ကမ်ပိန်းပြုလုပ်ရန်နှင့် ပြည်သူလူထုအား တိုက်တွန်းသည့် စာသားပါ ဘန်နာ(ဗီနိုင်း)များကိုင်စွဲကာ ကြံခင်းမြို့ပေါ်တနေရာ၌ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သပိတ်ကော်မတီဝင်တဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်န ဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် စကြဝတေးမင်းကြီး သပိတ်အဖွဲ့၏ ၁၆၃ ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး