စစ်ရေးအ‌ခြေအနေများကို NUG ယာယီသမ္မတနှင့်ဝန်ကြီးချုပ်ထံ တာဝန်ရှိသူများ သွားရောက်တင်ပြ

(မဇ္ဈိမ)။ ။ တနိုင်ငံလုံးနီးပါးတွင် ဖြစ်ပွား‌နေသည့် စစ်ရေးအ‌ခြေအနေများ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတနှင့် ဝန်ကြီးချုပ်ထံ ကာကွယ်ရေး၀န်ကြီးဌာန တာဝန်ရှိသူများသွားရောက်တင်ပြခဲ့သည်ဟု NUG ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

ယာယီသမ္မတ ဒူဝါလရှီးလထံ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းထံ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်ကလည်းကောင်း သွားရောက်တင်ပြဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသည့် စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မဟာဗျူဟာမြောက် လုပ်ဆောင်နေတဲ့ အကြောင်းအရာများကိုလည်း တင်ပြဆွေးနွေးခဲ့သည်ဟု NUG ကာကွယ်ရေးက ထုတ်ပြန်သည်။

လက်တလောဖြစ်ပွားနေသည့် ကရင်ပြည်နယ်တိုက်ပွဲများတွင် KNLA၊ ကချင်ပြည်နယ်တွင် KIA ၊ ကရင်နီပြည်နယ်တွင် KNDF တို့အပြင် အခြားသော တိုင်းရင်းသားဒေသများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းကာ NUG ၏ PDF တပ်ဖွဲ့များက တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)