မော်စကို ပြဇာတ်ရုံကို ISIS-K အဖွဲ့ တိုက်ခိုက်ရသည့် အကြောင်းရင်းများ

မော်စကို ပြဇာတ်ရုံကို ISIS-K အဖွဲ့ တိုက်ခိုက်ရသည့် အကြောင်းရင်းများ

ပုံစာ – တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် မီးလောင်နေသည့် မော်စကိုမြို့ အပြင်ဘက်ရှိ Crocus City Hallအဆောက်အအုံကို မီးသတ်သမားများ မီးငြိမ်းသတ်နေစဉ်။

Reuters

ရုရှားနိုင်ငံ မော်စကိုမြို့အနီးတွင် ဖြစ်ပွားခဲ့သည့် လူအသေအပျောက်များသည့် မတ်လ ၂၂ရက် ပြဇာတ်ရုံပစ်ခတ် တိုက်ခိုက်မှုအား ၎င်းတို့ပြုလုပ်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့၏ ပြောကြားချက်ကို အမေရိကန်ထောက်လှမ်းရေးက အတည်ပြုထားကြောင်း အမေရိကန်အရာရှိတဦးက ရိုက်တာသို့ ပြောကြားလိုက်သည်။

ISIS-K ဟု လူသိများသော အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့၏ အာဖဂန်နစ္စတန်ဌာနခွဲအကြောင်းနှင့် ရုရှားကို တိုက်ခိုက် ရသည့် ရည်ရွယ်ချက်များကို အောက်တွင် ဖော်ပြပေးသွားမည်ဖြစ်သည်။

ISIS-K ဆိုသည်မှာ မည်သည့်အဖွဲ့အစည်းဖြစ်သနည်း။

အီရန်၊ တာ့ခ်မင်နစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ ပါဝင်သော ယင်းဒေသအတွက် ရှေးအသုံးအနှုန်းဖြင့် အမည် ပေးထားသည့် အစ္စလာမ္မစ်နိုင်ငံတော်ခိုရာစန် (ISIS-K) အဖွဲ့ကို ၂၀၁၄ခုနှစ်နှောင်းပိုင်းတွင် အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် တည်ထောင်ခဲ့ပြီး ရက်စက်ကြမ်းကြုတ်သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။

အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့၏ အတက်ကြွဆုံး ဒေသဆိုင်ရာ ပူးပေါင်းအဖွဲ့တခုဖြစ်သည့် ISIS-K သည် ၂၀၁၈ ခုနှစ်ဝန်းကျင်တွင် အထွတ်အထိပ်သို့ ရောက်ခဲ့သော်လည်းနောက်ပိုင်းတွင် အဖွဲ့ဝင်များ ကျဆင်း လာခဲ့ သည်။ ယင်းအဖွဲ့ကြောင့် တာလီဘန်နှင့် အမေရိကန်တပ်ဖွဲ့များ ဆုံးရှုံးမှုကြီးမားခဲ့ရသည်။

အာဖဂန်နစ္စတန်တွင် ISIS-K ကဲ့သို့သော အစွန်းရောက်အုပ်စုများကို နှိမ်နင်းရန် ယင်း၏ ထောက်လှမ်းရေး စွမ်းရည်ခိုင်မာအားကောင်းမှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်တပ်များ ဆုတ်ခွာပြီးနောက်ပိုင်းတွင် ကျဆင်းသွား ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

ISIS-K အဖွဲ့ ၏ တိုက်ခိုက်မှုများ

SIS-K သည် အာဖဂန်နစ္စတန်ပြည်တွင်းနှင့် ပြည်ပရှိ ဗလီများကို တိုက်ခိုက်မှုများအပါအဝင် တိုက်ခိုက်မှု သမိုင်းကြောင်းများရှိသည်။

၂၀၂၄ခုနှစ်အစောပိုင်းတွင် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရသည့် အီရန်တွင် ဗုံးဖောက်ခွဲမှု နှစ်ကြိမ်စလုံးကို ယင်းအဖွဲ့က ပြုလုပ်ခဲ့ကြောင်း အတည်ပြုနိုင်သည့် သတင်းများကို အမေရိကန်က ကြားဖြတ်သိရှိထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ISIS-K စစ်သွေးကြွများက ကဘူးလ်မြို့ရှိ ရုရှားသံရုံးကို အသေခံဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အာဖဂန်မှ အမေရိကန်ထွက်ခွာရသဖြင့် အုတ်အော်သောင်းတင်းဖြစ်ခဲ့ရသည့် ကာလဖြစ်သည့် ၂၀၂၁ ခုနှစ်က ကဘူးလ်နိုင်ငံတကာလေဆိပ်ကို တိုက်ခိုက်မှုအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးနှင့် အရပ်သားအများ အပြား သေဆုံးစေခဲ့ရသည်။

ISIS-K သည် အာဖဂန်နစ္စတန်ပြင်ပရှိ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အကျိုးစီးပွားများကို ခြောက်လ အတွင်း သတိပေးချက်အနည်းငယ်မျှသာမရှိဘဲ တိုက်ခိုက်နိုင်ကြောင်း မတ်လအစောပိုင်းတွင်၊ အရှေ့အ လယ်ပိုင်းရှိ အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သည်။

ရုရှားကို တိုက်ခိုက်ရသည့် အကြောင်းရင်း

မတ်လ၂၂ရက်က ရုရှားအား ISIS-K ၏ တိုက်ခိုက်မှုသည် ဆိုးရွားပြင်းထန်ခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ယင်းအဖွဲ့သည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆန့်ကျင်လာခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

“ISIS-K သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရုရှားသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ပူတင်အား ယင်းတို့၏ ဝါဒဖြန့်ချိ ရေးတွင် မကြာခဏ ပြစ်တင်ဝေဖန်ခဲ့ကြောင်း ၀ါရှင်တန်အခြေစိုက် သုတေသနအဖွဲ့ဖြစ်သည့် Soufan Center မှ ကိုလင်းကလပ်က ပြောကြားခဲ့သည်။

ရုရှားသည် မွတ်ဆလင်များကို ဖိနှိပ်နေသည်ဟု ISIS-K က ရှုမြင်ကြောင်း ဝါရှင်တန်အခြေစိုက် ဝီလဆင်ဗဟိုဌာန မှ မိုက်ကယ်ကူကယ်မန်ကပြောကြားခဲ့သည်။

ရုရှားကို မကျေနပ်သည့် ဗဟိုအာရှစစ်သွေးကြွအများအပြားလည်း ယင်းအဖွဲ့ဝင်တွင် ပါဝင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။