နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၅ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

  • မွန်ပြည်နယ် ရေးမြို့နယ်တွင် ရေးပြောက်ကျားတပ် (YGF) ဒေါနစစ်ကြောင်းတပ်ခွဲ ၃ ၏ အမှတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် ရေးပြောက်ကျားတပ်(YGF)၏ တပ်ဖွဲ့ဝင်များအားလုံး သစ္စာရေသောက်အဓိဋ္ဌာန်ပြုပွဲအခမ်းအနားကို မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
  • ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့ (၁၄၇) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားပြုအဖြစ်နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ ဧရာဝတီတိုင်းရှိ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ကို မတ် ၂၄ ရက်က ပြုလုပ်ခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်နှစ်စီးအား ပြည်သူ့ကာကွယ် ရေးတပ်(PDF)များက တိုက်ခိုက်ရာ ယာဉ်တစ်စီးပျက်စီးကြောင်း သတင်းရရှိသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ငန်းတာဝန်များအတွက် အလုပ်နေရာတွေ ခေါ်ယူမှုကို ယနေ့ ထုတ်ပြန်လိုက်သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်း အတွင်း၌ အမှတ် ၁ စစ်ဒေသ လေ့ကျင်ရေးအရာရှိများ၏ ကွပ်ကဲမှုနှင့် တပ်ရင်း ၇ ရင်းကို တိုက်ခိုက်ရေး သင်တန်း ၃ လ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 
  • ပုလဲမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းရန် မဲပေါက်ခဲ့ခြင်းကြောင့် စစ်တပ် ထိန်းချုပ် နယ်မြေမှ ထွက်ပြေးတိမ်းရှောင်လာသည့် မိသားစု တစ်စုကို ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက သွားရောက်တွေ့ဆုံကာ ငွေကျပ် ၅၀၀၀၀၊ အဝတ် အစားများ၊ပုဆိုး၊ထမိန်၊ခြင်ထောင်များ သွားရောက် ထောက်ပံ့ ပေးခဲ့ပြီး အားပေးစကားများ ပြောကြားပေးခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားနှစ်ဦး လက်နက်ခဲယမ်း များဖြင့်ခိုလှုံလာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ) CDF – KKG က မတ်လ ၂၄ ရက်နေ့ ယမန်နေ့က ထုတ်ပြန်ထားသည်။
  • မြန်မအတွက်  ဒေါ်လာ ၁၂၁ သန်း အကူအညီပါဝင်သည့် အစိုးရအသုံးစရိတ် ကို အမေရိကန် လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။
  • အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar သည် ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးသံတမန် Alounkeo Kittikhoun နှင့်နယူးဒေလီမြို့၌ တွေ့ဆုံကာ မြန်မာ့အရေးနှင့်ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယသတင်း၏ ဖော်ပြချက်အရသိရသည်။
  • ထိုင်းကြက်ခြေနီအဖွဲ့သည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂)မှတဆင့် စစ်ဘေးရှောင်မြန်မာပြည်သူများ အတွက်လူသားချင်းစာနာ ထောက်ထား မှုအကူအညီများကို ယနေ့(မတ်လ ၂၅ရက်)လွှဲပြောင်းပေး အပ်ခဲ့ ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
  • ချင်းပြည်နယ်နှင့် ယောဒေသသို့ စစ်အင်အားဖြည့်တင်းရန် ပခုက္ကူမြို့မှထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ထံ လက်နက်ချ အလင်းဝင် လာကြောင်း သတင်းရရှိသည်။
  • ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် ကူညီနေသူများအား ဓာတ်ပုံနှင့်ထုတ်ပြန်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးရာထူးမှ နှုတ်ထွက်သူများရှိသလို တိမ်းရှောင်သူများ လည်းရှိကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဌ ကိုပီတာကြီးကပြောသည်။
  • မကွေးတိုင်း၊ ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာ လေးခုအား PDFများ၏ တပြိုင်နက် တိုက်ခိုက်မှု ခံခဲ့ရကြောင်း သတင်းရရှိသည်။
  • ရန်ကုန်မြို့လယ်တွင် “မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ” ဆိုသော ဗီနိုင်းကို ယနေ့ ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြကြောင်း သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရခိုင်ပြည်နယ် မောင်တောမြို့ ‌မြောက်ပိုင်းရှိ ရန်အောင်ပြင် နယ်ခြား‌ ‌စောင့်စခန်းအားသိမ်းပိုက်ပြီး ကြိမ်ချောင်းစခန်းနှင့် ဘူးသီးတောင်မြို့ ခမရ (၅၅၂) ကို သိမ်းပိုက်ရန် ထိုးစစ်အရှိန်မြှင့်နေကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။
  • ရခိုင်ပြည်နယ်၊အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး သုံးမိုင်အကွာ ပြောင်သေ ကျေးရွာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေ ကြောင်း ဒေသခံများထံက သိရသည်။
  • ချင်းပြည်နယ်တီးတိန်မြို့တွင် စစ်ကောင်စီ အတွက် အတင်းအဓ္ဓမ စစ်သားစုဆောင်းပေးကြသော ဌာနဆိုင်ရာဝန်ထမ်းငါးဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း PDF Zolandက ယနေ့(မတ်လ ၂၅ရက်)သတင်းထုတ်ပြန်သည်။
  • ပဲခူးတိုင်းအရှေ့ခြမ်း ၊ ညောင်လေးပင်ခရိုင် ထဲက မုန်းမြို့၌ မတ်လအတွင်း စစ်ကောင်စီတပ် ၏ တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၃၀ က ဒေသခံ ၂၀,၀၀၀ နီးပါး ထွက်ပြေးနေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU ) အသိပေးထားသည်။
  • ကရင်ပြည်နယ် ဖာပွန်မြို့ လုံခြုံရေးတပ်စခန်းဖြစ်သည့် မောထကိုးစစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစခန်း မီးလောင်ပျက်စီးသွားကြောင်း ထုတ်ပြန်သည်။
  • ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ် ရှိ ရန်အောင်မြင် စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ရက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

  • NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စီမံခန့်ခွဲမှု အား နည်းချက်ကြောင့် ကျဆင်းခဲ့ရသော်လည်း အကြမ်းဖက်မင်းအောင်လှိုင်က ၎င်း၏ စွမ်းဆောင်မှု ကြောင့် တိုင်းပြည်စီးပွားရေး ပြန်လည် ဦးမော့လာနေကြောင်း ရုရှားမီဒီယာနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုသည်။
  • မတည်ငြိမ်သည့်ဒေသများမှလွဲပြီး ရွေးကောက်ပွဲကို အပိုင်းလိုက်ပြုလုပ်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသတင်းဌာန TASS နှင့်တွေ့ဆုံစဉ်‌ပြောသည်။
  • စစ်ရေးပြင်းထန်နေသည့် ကချင်ပြည်နယ်တွင် နယ်လုံဝန်ကြီးကို နေပြည်တော်စစ်ဘက်ရေး ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ခေါ်ယူထိန်းသိမ်းထားသည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့်နီးစပ်သော သတင်းရင်းမြစ်များအပြောအရ သိရသည်။
  • ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ နွားခြံအုပ်စု၊ ကွင်းကောက်‌ကျေးရွာတွင် စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်တဦး ထွက်ပြေးသည့်အတွက် လူစားထိုးရန်ဟုဆိုကာ အုပ်ချုပ်ရေးမှူးက ကျပ်သိန်း ၇၀ တောင်းခံနေသည်ဟု ‌ဒေသခံများက ပြောသည်။
  • အိမ်‌မွေးတိရစ္ဆာန်အစာ၊ ဆိုးဆေး၊ အရောင်တင်ဆီ၊ ဆပ်ပြာကုန်ကြမ်း၊ လျှပ်စစ်ပစ္စည်း တင်သွင်းသူများ သွင်းကုန်လိုင်စင်လျှောက်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်သည်။

မတ် ၂၅ သုံးသပ်ချက်

  • အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ အများအပြားထွက်သွားသည့်အပြင် မြန်မာငွေတန်ဖိုး ထိုးကျကာ စီးပွားရေးအလွန်အမင်းကျဆင်းနေသည်ကို တစ်နိုင်ငံလုံး ခံစားသိရှိနေသည်။ သို့သော် အာဏာသိမ်းမင်းအောင်လှိုင်တော့ ပြည်သူ့အစိုးရထက်တောင် ၎င်းအာဏာသိမ်းပြီးနောက် ပိုတိုးတက်ကာ ဦးမော့လာသည်ဟု အရှက်မရှိပြောနေပြန်သည်။