အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေါက်တာမီမီဝင်းဘတ်တို့ မြန်မာ့အရေးဆွေးနွေး

အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်ရေးနှင့်အတူ မြန်မာ့အရေးကို ပိုမိုအာရုံစိုက်မြှင့်တင်ပေးရေးများနှင့် ပတ်သက်ပြီး နယူးယောက်ပြည်နယ်၏ မြို့တော် Albany မှာ အောက်လွှတ်တော်ကိုယ်စားလှယ် MR. Paul D Tonko နှင့် ဒေါက်တာမီမီဝင်းဘတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

MR.Tonko သည် ၂၀၀၉ ခုနှစ်တည်းက ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ပြီး လက်ရှိမှာ စွမ်းအင်နှင့် လွှတ်တော်ရေးရာ ကော်မတီ၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

ယင်းအပြင် Albany မြို့မှာရှိသည့် SUNY, UAlbany, School of Public Health, Center for Global Health က ဦးစီးကျင်းပသည့် ဆွေးနွေးပွဲများတွင်လည်း လက်ရှိမြန်မာနိုင်ငံ အခြေအနေများအား ဒေါက်တာမီမီဝင်းဘတ်က တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် မြန်မာ့နွေဦးတော်လှန်ရေးကို ယခုထက်ပိုမို ဝိုင်းဝန်းပံ့ပိုးနိုင်ရေးအတွက် အဓိကထား ဆွေးနွေးကြကြောင်း သိရသည်။