အမျိုးသမီးကစားမားများကို ရိုက်နှက်မှုဖြင့် ဖမ်းဆီးပြီးနောက် အိန္ဒိယဘောလုံးအဖွဲ့ချုပ် အမှုဆောင်ကော်မတီဝင်တဦးကို ရာထူးမှ ရပ်ဆိုင်း

အကြီးတန်းအမှုဆောင်အဖွဲ့ဝင်တဦးဟာ အရက်မူးနေစဉ် အမျိုးသမီးကစားသမားနှစ်ဦးကို ရိုက်နှက်မှု စွပ်စွဲမှုဖြင့် ဖမ်းဆီးခံရပြီးနောက် အိန္ဒိယဘောလုံးအဖွဲ့ချုပ်က သူ့ကို ရာထူးမှ ရပ်စဲလိုက်ပါတယ်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (AIFF) ရဲ့ အမှုဆောင်ကော်မတီဝင် ဒီပက်ရှာမာဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဂိုအာကမ်းရိုးတန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွက် ရဲတွေက ဖမ်းဆီးကာ အာမခံပေးခဲ့ပါတယ်။

“AIFF အမှုဆောင်ကော်မတီက မစ္စတာ ဒီပတ်ရှာမာကို ဘောလုံးနဲ့ပတ်သက်တဲ့ မည်သည့်လှုပ်ရှားမှုတွေမှာမဆို ပါဝင်ခြင်းကနေ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊။

AIFF ဥက္ကဋ္ဌ ကလျန်းချော်ဘ်ီက အဖွဲ့ချုပ်အနေနဲ့ “အမျိုးသမီးဘောလုံးအားကစားကို လုံခြုံပြီး စိတ်ချရတဲ့ပတ်ဝန်းကျင်မှာ မြှင့်တင်ဖို့ ပိုင်းဖြတ်ထားပြီး ဒါကို သေချာစေဖို့အတွက် လိုအပ်တဲ့အဆင့်တွေအားလုံးကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“IWL 2 အတွင်း ဂိုအာမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ အမျိုးသမီးဘောလုံးလောကအတွက် AIFF ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို လျော့ပါးစေအောင် ချဲ့ကားခြင်း မပြုသင့်ဘူး”လို့ သူက ထည့်ပြောသွားခဲ့ပါတယ်။

“အထူးအမှုတွဲကို စည်းကမ်းထိန်းသိမ်းရေးကော်မတီဆီ လွှဲပြောင်းထားပြီး အရေးပေါ် အရေးယူသွားမှာ ဖြစ်ပါတယ်။

အိန္ဒိယမီဒီယာတွေရဲ့ ဖော်ပြချက်အရ ရှာမာဟာ ဘောလုံးသမားနှစ်ဦးရဲ့ အခန်းထဲကို ဝင်ရောက်ကာ သူတို့ကို ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

သူကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

(AFP)