စစ်ရှောင်ရင်း ရိုက်ကူးထားတဲ့ ဒေါင်းတို့အားမာန် တော်လှန်သံချပ်

ပါခွီး

(မဇ္ဈိမ)။ ။ ဒေါင်းတို့အားမာန် တော်လှန် သံချပ်ကို ဆားလင်းကြီး မြို့နယ်ရှိ တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းက ဧပြီလ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည်။

ဒေသအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးနေ၍ စစ်ရှောင်နေရင်း သံချပ်ထုတ်လွှင့်နိုင် ရန်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သံချပ်ကိုလည်း အခက်အခဲတွေကြားကရေးခဲ့တယ် ။ သံချပ်တိုက်တော့ စစ်ကြောင်းက သံချပ်တိုက် နေတဲ့ ရွာရဲ့ အရှေ့ဘက်ရွာမှာရှိနေတယ် ။ အဲဒါကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်မယ်ဆိုပြီးလုပ်ခဲ့ ကြတာပါ”ဟု ဒေါင်းတို့အားမာန် တော်လှန် သံချပ်အဖွဲ့ က ဗိုလ်စနေက မဇ္စျိမကိုပြောသည်။

သံချပ်တွင် စစ်ကောင်စီကို ထိုးနှက်မှုများနှင့် တော်လှန်ရေးအင်အားစုများ၏ အမှားများကို ပြုပြင် ထိန်းကျောင်း ဝေဖန်တဲ့ အကြောင်းအရာများ ပါဝင်သည် ဟုဆိုသည်။