ပြင်ဦးလွင် စစ်တက္ကသိုလ် ရှော့တိုက်ဒုံးပစ်ခံရတဲ့ ဗီဒီယိုဖိုင်အလွဲ |Misinformation Buster S3|Ep.113

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတပတ်အစီအစဉ် မှာတော့

– စင်္ကာပူနိုင်ငံခြားရေးဌာနမှ ဝမ်းနည်းကြောင်း သဝဏ်လွှာဟာ ယခုလက်ရှိ ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းအတွက် မဟုတ်တဲ့သတင်း

– ပြင်ဦးလွင် စစ်တက္ကသိုလ် ရှော့တိုက်ဒုံးပစ်ခံရတဲ့ ဗီဒီယိုဖိုင်အလွဲအကြောင်း နဲ့ 

– ထိုင်းမှား သိမ်းဆည်းရမိတဲ့ Starlink ပစ္စည်းတွေဟာ ငွေလိမ်ဂိုဏ်းက ပစ္စည်းတွေဖြစ်တဲ့သတင်း စတဲ့ တပတ်အတွင်း မဇ္ဈိမ ကစိစစ်ထားတဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။