အညာတော်လှန်ရေးမှာ ပြည်သူတွေ အပြည့်အ၀ပါဝင်ဆောင်ရွက်နေတယ်(ရုပ်သံ)

MTO

မဇ္ဈိမ။ ။ အညာဒေသဟာဆိုရင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်တိုက်ပွဲဝင်နေတာဟာ သုံးနှစ်ကျော်ကာလကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။ ဒီသုံးနှစ်ကျော်ကာလအတွင်းမှာ အညာဒေသကပြည်သူတွေဟာ တော်လှန်ရေးရဲ့ နောက်ဆက်တွဲဖြစ်တဲ့ စစ်ရဲ့ဒဏ်ကို အလူးအလဲခံခဲ့ကြရပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်အထိ အညာဒေသက ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပေးဆပ်မှုများစွားနဲ့ တော်လှန်ရေး ရဲ့ အခန်းကဏ္ဍတိုင်းမှာ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်အဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောပါတယ်။

သတင်း — MTO
တင်ဆက် ၊ တည်းဖြတ် — MTO