အမျိုးသမီးတွေကို နားလည်ပေးသင့်တဲ့ သွေးဆုံံးချိန် – BBC News မြန်မာ

အမျိုးသမီးတွေရဲ့ဘဝမှာ သွေးဆုံးချိန်ဟာ အထူးဂရုထားရမယ့် အရေးကြီးတဲ့ကာလ ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။
သွေးဆုံးချိန်မှာ ခန္ဓာကိုယ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကြောင့် ကိုယ်တင်မက နီးစပ်ရာ မိသားစုဝင်တွေကိုပါ ထိခိုက်မှုတွေ ရှိလာတတ်သလို အိမ်ထောင်သည်အမျိုးသမီး တချို့ဆိုရင် သွေးဆုံးချိန်မှာ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။
သွေးဆုံးချိန်မှာ ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေကို သက်သာအောင် ဘယ်လိုနည်းတွေနဲ့ ကုစားနိုင်သလဲ၊ ဘယ်လိုပြုမူ နေထိုင်သင့်သလဲဆိုတာ ယူကေနိုင်ငံမှာ Menopause Clinic လို့ခေါ်တဲ့ သွေးဆုံးဝေဒနာ ခံစားရသူ အမျိုးသမီးတွေအတွက် ဖွင့်ထားတဲ့ ဆေးခန်းမှာ ကြီးကြပ်ကုသပေးနေတဲ့ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာ စန္ဒာလှိုင်က ရှင်းပြပေးမှာပါ။