မကွေးတိုင်း မြို့နယ်အချို့တွင် နှာခေါင်းစည်းတပ် အိတ်စလွယ်သိုင်း၍ သွားလာခြင်းမပြုရန် စစ်ကောင်စီ အမိန့်ထုတ်

ပုံအညွှန်း။ ။Pakokku People Defense Force( PPDF) ဓာတ်ပုံ။ ။ PPDF

ပုံအညွှန်း။ ။Pakokku People Defense Force( PPDF) ဓာတ်ပုံ။ ။ PPDF

ကိုခင်မောင်

(မဇ္စျိမ)။ ။မကွေးတိုင်းအတွင်းရှိ တောင်တွင်းကြီး၊ ပခုက္ကူ၊ အောင်လံ၊ မကွေးမြို့နယ်များတွင် နှာခေါင်းစည်း (mask)တပ်ပြီး လွယ်အိတ်စလွယ်သိုင်း၍သွားလာခြင်းမလုပ်ရန် စစ်ကောင်စီကအမိန့်ထုတ်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မေလ ၈ ရက်နေ့မှစပြီး မြို့နယ်များအလိုက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအမိန့်ဖြင့် ဒေသခံ ပြည်သူများလိုက်နာရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အချို့တွင် သုံးဘီးဖြင့် လှည့်လည် ကြေညာသွားကြောင်း တော်လှန်ရေးတပ်ဖွဲဝင်တဦးက မဇ္စျိမသို့ပြောသည်။

“ဒီရက်ပိုင်း စစ်ကောင်စီတပ်တွေက UG တွေကို ဘယ်လမ်းကလာလဲဆိုပြီး ဂရုစိုက်နေတယ်။ တခြား ရဲဘော်တွေလည်း သတိထားဖို့လိုအပ်ပါတယ်”ဟု ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တဦးက မဇ္စျိမကို ပြောသည်။

အဆိုပါအမိန့်စာတွင် PDF များသည် Mask များတပ်ဆင်ထားပြီး လက်နက်ခဲယမ်းများထည့်သည့်အိတ် များ စလွယ်သိုင်း၍ ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများနှင့် ရပ်ကွက်ကျေးရွာ အုပ် ချုပ်ရေးအဖွဲ့ဝင်များကို မကြာခဏသတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် မိဘပြည်သူများလုံခြုံရေးအတွက် ၂၀၂၄ ခုနှစ် မေလ ၉ ရက်နေ့မှစ၍ ပြည်သူများအနေဖြင့် Mask တပ်၍ သွားလာခြင်း၊ စလွယ်သိုင်းလွယ်အိတ်များလွယ်၍ သွားလာခြင်းများလုံး၀မပြုလုပ်ရန်နှင့် ထိုသို့မလိုက်နာဘဲသွားလာပါက တည်ဆဲဥပဒေဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီက ကြေညာထား ကြောင်းသိရသည်။ ယခု အမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်ပိုင်း မကွေးတိုင်းရှိမြို့နယ်များတွင် စစ်ကောင်စီ ထောက် တိုင်များ၊ သတင်းပေးဒလန်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လက်နက်တပ်ဆင်ထား သော ပျူစောထီးဆိုသူများ နေ့စဥ်နှင့်အမျှ ပစ်သတ်ခံနေရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရ သည်။

စာတည်း။ ။စောဖေ