Tag: မြစ်ကြီးနားမြို့
မြစ်ဆုံစီမံကိန်းပြန်စရန် စစ်ကောင်စီကြိုးပမ်းမှု မအောင်မြင်နိုင်ဟု NUGနှင့်နိုင်ငံရေးအင်အားစုများပြော
မြေပုံတွင်မြင်တွေ့ရသည့် မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံရာ ဧရာဝတီမြစ်ဆုံ။ ရွှေနွယ် (မဇ္ဈိမ)။ ။ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို စစ်ကောင်စီကဖွဲ့စည်းလိုက်သော်လည်း မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန်မဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လျှပ်စစ်ဝန်ကြီးနှင့် နိုင်ငံရေးအင်အားစုများ၊အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။ စစ်ကောင်စီလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးအေးကျော်ဦးဆောင်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များလည်းပါဝင်သည့်ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ဖွဲ့စည်းကြောင်းကို စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက…
မြစ်ကြီးနားမြို့အဝင် ဗလဗင်းထင်တံတားစုပေါင်းဂိတ် တိုက်ခိုက်ခံရမှု ဒုရဲမှူးအပါအဝင် ရဲအချို့သေဆုံး
ပုံအညွှန်း – မေလ ၉ရက်က ဗလမင်းထင်တံတားစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် မီးလောင်နေသည်ကို မြစ်ကြီးနားမြို့ဘက်အခြမ်းမှ တွေ့ရစဉ် အဂမ် မြစ်ကြီးနားမြို့အဝင်ရှိ ဗလမင်းထင်တံတားအနီး စစ်ကောင်စီဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA) က ယမန်နေ့ကတိုက်ခိုက်ရာ ဒုရဲမှူးတဦးအပါအဝင် ရဲအချို့သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း…
မြစ်ကြီးနားမြို့မှာ PDFအမည်ခံအခွန်ကောက်သည့်အဖွဲ့ကို KIA က လိုက်လံဖမ်းဆီး
အဂမ်(မဇ္ဈိမ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် PDF အမည်ခံပြီး ဖုန်းဆက်ငွေကြေးကောက်ခံနေသည့်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ရင်းနှင့် ပူးပေါင်း PDF အဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း KIAသတင်းရင်းမြစ်တွေက ဆိုသည်။ ထိုသို့ ဖုန်းဆက်ငွေကြေးကောက်ခံနေခြင်းကို မြစ်ကြီးနားမြို့တိုက်နယ် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)အုပ်ချုပ်ရေးရုံးအနေဖြင့် သက်ဆိုင်ရာအဖွဲ့အသီးသီးကို ဆက်သွယ်အကြောင်းကြားထားပြီး…
KIO/KIA အလိုမရှိကြောင်း မနောင်ကွင်းအတွင်း လျှပ်တပြက်ဆန္ဒပြသူများ ကန့်ကွက်ခံရ
အဂမ် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်အမျိုးသားဥယျာဉ် မနော(မနောင်) ကွင်းအတွင်း ယခုရက်ပိုင်း၌ စစ်ကောင်စီထောက်ခံသူများက ရုတ်တရက်လာရောက်ကာ ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်သွားသည်။ ကချင်တမျိုးသားလုံးကို ကိုယ်စားပြုထားသည့် ကချင်အမျိုးသားဥယာဥ် မနော (မနောင်)ကွင်းအတွင်း ခွင့်ပြုထားခြင်းမရှိဘဲ…