ဂျပန်နိုင်ငံမှ ပို့ဆောင်ထားသည့်ကုန်ပစ္စည်းများ ဆိပ်ကမ်းတွင် ထုတ်ယူခွင့်ကြာမြင့်သည့်အပြင် ပစ္စည်း ပျောက်ရှမှုများနှင့် ကြုံတွေ့နေရ

အယ်ဒီတာထံပေးစာ

ဂျပန်နိုင်ငံကနေ မြန်မာပြည်တွင်းကို သင်္ဘောနဲ့ပို့ဆောင်ထားတဲ့ ကုန်ပစ္စည်းတွေဟာ ရန်ကုန်ဆိပ်ကမ်း မှာ ထုတ်ယူခွင့်ကြာမြင့်နေတဲ့အပြင် ဆိပ်ကမ်းမှာပစ္စည်းပျောက်ရှမှု ကြုံတွေ့နေရပါတယ်။
စုံစမ်းမေးမြန်းတဲ့အခါမှာလည်း အကောက်ခွန်ဌာနကစစ်ဆေးနေတယ်ဆိုတဲ့ အကြောင်းပြချက်ကိုသာ ပြန်လည်ကြားသိရပါတယ်။


သင်္ဘောနဲ့ ကုန်ပစ္စည်းပို့ဆောင်မှုဟာ ပုံမှန်ဆိုရင် အချိန်နှစ်လခန့်သာ ကြာမြင့်တတ်ပေမယ့်လည်း လက်ရှိ မှာတော့ ၂၀၂၃ ခုနှစ် ဇွန်လကပို့ထားတဲ့ ကုန်ပစ္စည်းတွေက ၂၀၂၄ ဖေဖော်ဝါရီအထိ ရောက်ရှိခြင်းမရှိသေး တာဖြစ်ပါတယ်။


မြန်မာပြည်မှာ တဆင့်ပြန်လည်ရောင်းချဖို့အတွက် ပို့ဆောင်ထားတဲ့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေက စားသောက်ကုန်တွေ သက်တမ်းကုန်ဆုံးရက် နီးလာတာ ဒါမှမဟုတ် သက်တမ်းကုန်ဆုံး နေပြီဖြစ်တဲ့အတွက် ငွေကြေးအားဖြင့် သိန်းရာဂဏန်းအထက် ဆုံးရှုံးနစ်နာနေရပါတယ်။


ကျွန်မကတော့ ၂၀၂၃ ခုနှစ် ဆယ်လပိုင်းလဆန်းရောက်မယ်လို့ ရက်ချိန်းရထားပေမယ့် ၂၀၂၄ ခုနှစ် နှစ်လ ပိုင်းအထိ ပစ္စည်းရောက်ရှိမယ့်အကြောင်း ဘာကိုမှမသိရ၊ မကြားရသလို ပစ္စည်းရောက်ရှိသူတွေကလည်း ပို့ထားတဲ့ပစ္စည်းတွေ အများအပြား ပျောက်ဆုံးမှု ကြုံနေရပါတယ်။


ပျောက်ဆုံးမှုအများဆုံး ပစ္စည်းတွေကတော့ အဝတ်အစား ၊ အလှကုန်ပစ္စည်း၊ ဖုန်း စတာတွေ ဖြစ်ပါတယ်။
အကောက်ခွန်ကစစ်ဆေးမှု ကြန့်ကြာနေတာ စစ်ဆေးစရာများနေလို့ဆိုတာကို နားလည်နိုင်ပေမယ့် ဖွင့် စစ်ပြီး ပစ္စည်းတွေကို ထုတ်ယူနေတာက ဘာလို့ပါလဲရှင့်။ အရင်တုန်းက ပစ္စည်းပို့တာက အဆင်ပြေခဲ့ပေ မယ့် အခုတော့ တော်တော်ကို အခြေအနေတွေ ဆိုးနေပါတယ်။


ဂျပန်ကနေ ပြည်တွင်းကိုပစ္စည်းပို့ဆောင်တဲ့ လုပ်ငန်းရှင်တဦးကတော့ ရန်ကုန်ဆိပ်ကမ်းမှာ ပို့ထားတဲ့ ပစ္စည်းတွေထုတ်ယူခွင့်ရမှသာ ပစ္စည်းအသစ် ပြန်လည်လက်ခံမှာဖြစ်ပြီး ပိတ်မိနေတဲ့ပစ္စည်းတွေကို လိုက် ထုတ်ပေးနေတယ်၊ ကာစတန်စိစစ်နေတဲ့အတွက် သူတို့ပြောတဲ့အတိုင်းစောင့်နေရတယ်လို့ လူမှုကွန်ရက် မှာရေးထားပေမယ့် တခြားလုပ်ငန်းရှင်တဦးကတော့ အရှေ့မှာပို့ထားတဲ့ပစ္စည်းတွေကိုတောင် မထုတ်ပေး နိုင်သေးဘဲ နောက်ထပ်ပစ္စည်းတွေကို ဆက်ပြီးလက်ခံနေသလို သူရဲ့လူမှုကွန်ရက်မှာ တခြားလူတွေ ဘာမှဝင်ပြောလို့မရအောင် ကွန်မန့်တွေပိတ်ထားပါတယ်။


ဒါ့ကြောင့် ဂျပန်ကနေ ပြည်တွင်းကို သင်္ဘောနဲ့ပစ္စည်းပို့ဆောင်မှုဟာ လက်ရှိမှာ အခက်အခဲတွေ ကြုံတွေ့ နေရပြီး ပစ္စည်းပို့ဆောင်သူတွေအနေနဲ့ ငွေကြေးဆုံးရှုံးနစ်နာမှုများတာမို့ အားလုံး သတိထားနိုင်စေဖို့ အတွက် အယ့်ဒီတာပေးစာကနေတဆင့် ပြောပြပါရစေ။