မုံရွာတွင် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သားများကို တိုက်ခိုက်စဥ်/ရုပ်သံ – ဗန္ဓုလနှင့် အဖွဲ့သားများ

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာသို့ ကင်းပုန်းဝပ်ရန်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ညောင်ဖြူပင်စခန်းမှ အင်အား ၁၀ ဦးကျော်ပါသော စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သွားတာကတော့ မဟာမိတ်တွေနဲ့ပေါင်းပြီး မိုင်းသွားထောင်တာ၊ လမ်းမှာ ကင်းပုန်းနဲ့တွေ့ပြီး ကိုယ့် ဘက်ကလက်ဦးမှုအရင်ယူပြီး ပစ်ခဲ့တာပါ” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) တပ်ခွဲ(၂) တပ်ခွဲမှူးဝေကြီးက မဇ္စျိမကိုပြောသည်။

ပစ်ခတ်မှု ငါးမိနစ်ခန့်အတွင်း စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားသည်ဟုဆို သည်။

သေဆုံးဒဏ်ရာရသူများနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်စခန်းအတွင်းမှ ဖရဲသီး(သတင်းပေး)မှပေးပို့ သောသက်သေများဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း တပ်ခွဲမှူးကပြောသည်။

စစ်ကောင်စီတပ်မှ ပြန်လှန်ပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) တပ်ခွဲ(၂) 5/Commando Force PDF နှင့် ဗန္ဓုလနှင့် အဖွဲ့သားများ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ညောင်ဖြူပင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ရဲ ၇၀ ကျော်ခန့်တပ်စွဲထားပြီး ၎င်းတို့စခန်းအနီးသို့ ကာကွယ်ရေးတပ်ဖွဲ့များမကပ်နိုင်စေရန် တောပုကျေးရွာမှစစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်လျက်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ညောင်ဖြူပင်ကျေးရွာမှဒေသခံများမှာ တိုက်ပွဲများကြောင့် ရွာလုံးကျွတ်တိမ်းရှောင်နေရကြောင်း သိရ သည်။

စာတည်း။ ။စောဖေ