ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊ မင်းတိုင်ပင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် နေအိမ်အပါအဝင် သစ်စက်နဲ့ လူနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ပုလဲမြို့နယ် အောင်ချမ်းသာ ကျေးရွာကို ရောက်ရှိနေပြီး အောင်ချမ်းသာရွာနဲ့ ကြောင်ဝင်ဒူးရွာက ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

သတင်း-လွှမ်းမိုး/ရုပ်သံတည်းဖြတ်-ဂျူချန်း