မြန်မာလူငယ်တွေအတွက် ပညာသင်ဆု

လက်ထောက်စီမံခန့်ခွဲသူ Michael Schiffer က ဒီနေ့ ကျမတို့နဲ့အတူ ရောက်ရှိနေပါပြီ။ မကြာခင် သူ့ရဲ့ တင်ပြချက်တွေကို ကြားရပါမယ် ။

ထိုင်းနိုင်ငံဆိုင်ရာ ပညာရေး သိပ္ပံ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန နိုင်ငံတကာရေးရာဌာနခွဲမှ ဒါရိုက်တာ Luxeman Samson ကိုလည်း သတင်းစာရှင်းလင်းပွဲတက်ရောက်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

နိုင်ငံတကာပညာရေးဌာနမှ အစိုးရစီမံကိန်းမန်နေဂျာ အကြီးတန်း ဒုဥက္ကဋ္ဌ မစ္စ Edith Cecil လည်း ရောက်ရှိနေပါပြီ။

ကနဦးအနေနဲ့ အလေးထားပြောချင်တာကတော့ လူငယ်အရေအတွက်ပါ ၊ လူငယ်တွေဟာ အလယ်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ တက်နေသင့်ပါတယ်၊ အခြေအနေအရပ်ရပ်ကြောင့် သူတို့ဟာ တရားဝင်ပညာရေးနဲ့ဝေးကွာနေပြီး အနာဂတ် ပျောက်နေပါတယ်။

ကျောင်းသားတွေဟာ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လက်ရှိကျောင်းတွေမှာ ပညာမသင်ကြားနိုင်တဲ့အတွက် ပညာသင်ဆုရဖို့က အလွန်အရေးပါပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက တက္ကသိုလ်တွေမှာ ကြုံရတဲ့အခက်အခဲတွေကို သတိရမိပါတယ်။

ကျောင်းသားတွေဟာ ဘွဲ့တခုရဖို့ ဆယ်စုနှစ်တခုအထိတောင်ကြာခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ထောက်ပံ့မှု တစုံတရာမရရှိရင် နောက်ထပ် လမ်းပျောက်တဲ့ မျိုးဆက်နဲ့ ကြုံရမယ့် အန္တရာယ်တွေရှိပါတယ်။

နိုင်ငံထဲမှာ ပုဂ္ဂလိကကျောင်းတွေ ရှိပါတယ် တခြား နိုင်ငံတကာအသိုင်းအဝိုင်းဆီက ပညာသင်ဆုတွေနဲ့ တခြားအကူအညီတွေလည်း ရှိပါတယ်။

ကျမတို့ ဒီနေ့ညမှာတော့ အဲဒါတွေထဲက တခုအကြောင်းကို တရားဝင် မိတ်ဆက်ပြောပြသွားမှာပါ။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ( USAID )ရဲ့ မတူကွဲပြားမှုနှင့်အားလုံးပါဝင်ခွင့်ရှိသောပညာသင်ဆု (Diversity and Inclusion Scholarship Program) ပါ။

ဒီကနေ့ မြန်မာနိုင်ငံကလူငယ်တွေဟာ အလွန်ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတွင်းမှာပဲ ပညာဆက်သင်ရမလားဆိုပြီး ဝေခွဲမရဖြစ်နေသလို ဆရာ ဆရာမ ဝန်ထမ်းတွေနဲ့ ပါမောက္ခတွေကလည်း အလုပ်ကန နုတ်ထွက်နေကြတာကို သူတို့မြင်တွေ့နေရတာပါ။

အဲလိုဖြစ်နေတဲ့ ဝန်ထမ်း ဆရာ ဆရာမတွေနဲ့ ကျောင်းသား ထောင်နဲ့ချီ ရှိပါတယ်။

သူတို့တွေကို အဆင့်မြင့်ပညာရေးကို အကောင်းဆုံး ဆက်သင်နိုင်ဖို့နဲ့ သူတို့ရဲ့ အနာဂတ်သာမကာ နိုင်ငံရဲ့အနာဂတ်ကိုမြှင့်တင်ဖို့ အခွင့်အလမ်းတွေ ရှိစေချင်ပါတယ်။

ဒါကြောင့် အမေရိကန်က မတူကွဲပြားမှုနှင့်အားလုံးပါဝင်ခွင့်ရှိသောပညာသင်ဆုအစီအစဉ်နဲ့ ကူညီဖို့ကြိုးပမ်းနေပါတယ်။

မြန်မာလူငယ်တွေဟာ စွန့်လွှတ်အညံ့ခံတတ်သူတွေ မဟုတ်ပါဘူး ဒါကြောင့် ဒီပညာဆုကိုလည်း လက်မလွတ်စေချင်ပါဘူး၊

ဒီပညာသင်ဆုအစီအစဉ်ဟာ တခြားအခွင့်အလမ်းတွေကို ရှာဖွေရာမှာ မြန်မာပြည်သူပြည်သားတွေကို ကူညီပံ့ပိုးပေးဖို့ အမေရိကန်က ကတိကဝတ်ပြုထားတဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရာတခုပါ။

ကျောင်းသားပေါင်း ၁,၀၀၀ ကျော်ကို ပညာသင်ဆုပေးဖို့ စီစဉ်ထားပါတယ် အားလုံး ဒါကို သိပြီးသားဆိုတော့ အစီအစဉ်အသေးစိတ်တော့ မပြောတော့ပါဘူး။

ရန်ကုန်မှာ အမေရိကန်သံရုံး ရုံးစိုက်လာတာ ၇၆ ရှိပါပြီ၊ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုကနေတဆင့် နိုင်ငံ တိုးတက်ကောင်းမွန်ဖို့ နှစ်မြှုပ်ထားဆဲပါ။

ဒီကျောင်းသားတွေနဲ့ တိုက်ရိုက် အလုပ်လုပ်ရတာ ဂုဏ်ယူစရာ အရင်းအမြစ်တခုပါ။

ပြီးတော့ ဒီပညာသင်ဆုဟာ ကျမတို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ နည်းလမ်းတွေထဲက တခုဖြစ်ပါတယ်။

နောက်တော့ ထပ်သိလာမှာပါ။

Lincoln Scholarship program ကလည်း ကျောင်းသားတွေကို အမေရိကန်မှာ ဘွဲ့လွန်ပရိုဂရမ်တွေကို လေ့လာဖို့ USAID ရဲ့ အလွန်အရေးပါတဲ့ အစီအစဉ်ပါပဲ။

ဒီ diversity inclusion ပညာသင်ဆုအစီအစဉ်ကတော့ မြန်မာနိုင်ငံက အခွင့်အရေးနည်းတဲ့ လူငယ်တွေအတွက် အလေးထားလုပ်ဆောင်သွားမှာဖြစ်ပြီး သူတို့ကို ထိုင်း ၊အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားတို့မှာ ပညာသင်ဖို့အခွင့်အလမ်းပေးမှာဖြစ်သလို အမေရိကန် အရီဇိုးနားတက္ကသိုလ်နဲ့လည်း အွန်လိုင်းကနေ သင်ကြားခွင့်ရမှာဖြစ်ပါတယ် ။

နောက်မှာ ဆွေးနွေးမယ့်သူတွေ အများကြီး ရှိနေသေးလို့ ဒီမှာပဲ ရပ်နားပါရစေ။

ဒီညမှာ ကျမ ပညာသင်ဆုအစီအစဉ်နဲ့ မြန်မာလူငယ်တွေအတွက် ရန်ကုန်သံရုံးရဲ့ ကတိကဝတ်တွေကို ပြောပြခဲ့တာပါ။

ကျေးဇူးအများကြီးတင်ပါတယ်။


တကယ်တော့ ပညာသင်ဆု အစီအစဉ်က အစောကတည်းက မိတ်ဆက်ပြီးသားပါ ၊ ဒါပေမယ့် လက်ထောက်စီမံခန့်ခွဲသူ Michael Shippers ဘန်ကောက်မှာ ရှိတုန်း အားလုံးအတူ ထပ်ပြီးမိတ်ဆက်လိုက်တာပါ။

John Burke က USAID ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဖြစ်ပါတယ်။

သူက ပညာသင်ဆုအစီအစဉ် အသေးစိတ်အချက်အလက်တွေနဲ့ တခြားသိချင်တာတွေအတွက် အားလုံးရှင်းပြဖို့ ရောက်လာတာပါ။

ကျမက သံရုံးအကြီးအကဲအနေနဲ့ လာရောက်ခြင်းဖြစ်ပါတယ် သိချင်တာတွေမေးလို့ရပါပြီ။

Q: ဒီပညာသင်ဆုအတွက် ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေမပြဋ္ဌာန်းခင်က ဒီပရိုဂရမ်ကို စီစဉ်ခဲ့တာမဟုတ်လား ။
မှန်ပါတယ် ဒီပရိုဂရမ်က လုပ်နေတာ တော်တော်ကြာနေပါပြီ။

Q: စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးချိန်မှာ နိုင်ငံထဲက လူတွေ ပိုထွက်လာနိုင်တယ်။ ဒါကြောင့် ပညာသင်ဆုပေးမယ့် အရေအတွက် ထပ်တိုးဖို့ စဉ်းစားထားပါသလား။
ဘတ်ဂျက်က ကန့်သတ်ထားပြီးသားပါ ၊ ကျမတို့ ဘတ်ဂျက်ကို ခွဲဝေပေးပြီးပါပြီ ဝဘ်ဆိုဒ်မှာသွားကြည့်ရင် စံသတ်မှတ်ချက်တွေ တွေ့မှာပါ။
ကျမ ဒီနေ့မှာ အစီအစဉ်အကြောင်းပြောနေပေမယ့် ပထမအသုတ်အတွက် လျှောက်လွှာလုပ်ငန်းစဉ်တွေက ပိတ်လိုက်ပါပြီ။

Q- ပညာသင်ဆုအတွက် ဘယ်လောက်သုံးမှာလဲ ။
လက်ရှိမှာတော့ ပညာသင်ဆုအစီအစဉ်အတွက် ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းလျာထားပါတယ်။
ကွန်ထရက်တာပြောတဲ့အတိုင်းပဲ ရှစ်သန်းခန့်ကို မြန်မာနိုင်ငံက အခြေခံပညာရေးအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ပညာရေးကို ပံ့ပိုးပေးမယ့် ထောက်ပံ့ကြေးအတွက် သုံးသွားမှာပါ။
လူငယ်တွေဟာ တိုင်းပြည်အနာဂတ်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ အမေရိကန်က သိတဲ့အတွက် အထူးသဖြင့် အခုလိုအရေးပါတဲ့အချိန်မှာ ပညာရေးအပေါ် အမေရိကန်ထားတဲ့ အရေးပေးမှုကို ဒီဆုကြေးငွေတွေက ထင်ဟပ်ပြသနေပါတယ်၊
မေးခွန်းကို ပြန်ကောက်ရမယ်ဆိုရင် ဒီအစီအစဉ်က လူငယ်တွေကို ပညာသင်ကြားဖို့ အခွင့်အရေးပေးမယ် ပြီးရင် နိုင်ငံကို ပြန်ပြီး မြန်မာရဲ့ အနာဂတ်အတွက်လုပ်ပေးတာပေါ့ ။

Q- လူငယ်တွေက ပညာသင်ဖို့အတွက် ထိုင်း ဒါမှမဟုတ် ပြည်ပကိုလာမယ် နိုင်ငံပြင်ပမှာနေမယ်ဆို ဒီပညာသင်ဆုအစီအစဉ်ကြီးပြီးသွားရင် အလုပ်ကိုင်အခွင့်အလမ်းအတွက် ထိုင်း ဒါမှမဟုတ် တခြားဒေသတွေနဲ့ ဘယ်လိုညှိနှိုင်းကြမလဲ ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ ၊
ဒီပရိုဂရမ်ရဲ့ စိတ်ကူးက ပညာသင်ကြားဖို့ဖြစ်ပြီးတော့ ပြီးသွားရင် သူတို့ဟာ မြန်မာနိုင်ငံကိုပဲ ပြန်ရမှာပါ။
ပညာရေး အခွင့်အလမ်းကလွဲလို့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဆွေးနွေးညှိနှိုင်းထားတာမျိုး မရှိပါဘူး။
ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာလူငယ်ကျောင်းသားတွေအတွက်တော့ အမေရိကန် အရီဇိုးနားတက္ကသိုလ်က အွန်လိုင်းပညာရေးပံ့ပိုးပေးမယ့် အစီအစဉ်ရှိပါတယ်။

Q- အထူးသဖြင့် ထိုင်းက တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားတွေ အများကြီး ရှိကြပါတယ် သူတို့က အဲဒီပညာသင်ဆုအတွက် လျှောက်ခွင့်ရှိကြလား။
ဟုတ်ကဲ့ ထိုင်းနိုင်ငံမှာ လက်ရှိရောက်ရှိနေတဲ့ မြန်မာကျောင်းသားတွေ ပညာသင်ဆုတွေ လျှောက်လို့ရပါတယ် ဝက်ဘ်ဆိုက်ကို ဝင်ကြည့်ပြီး ညွှန်ကြားချက်အတိုင်းလုပ်ဖို့ တိုက်တွန်းလိုပါတယ် ။

Q- ဘွဲ့ကြို ဘွဲ့လွန်နဲ့ မဟာဘွဲ့တွေအတွက် ပရိုဂရမ်တွေရှိတယ်ဆိုတော့ ဦးစားပေးနယ်ပယ်က ဘာဖြစ်မလဲ။
တိုင်းပြည်ရဲ့အနာဂတ်အတွက် အရေးကြီးဆုံးလို့ ယုံကြည်တဲ့ လေ့လာမှုနယ်ပယ်တွေကို အလေးထားသွားမှာပါ အင်ဂျင်နီယာ စိုက်ပျိုးရေးနဲ့ ကျန်းမာရေးကဏ္ဍတွေပါ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်မှာ ဆက်ရှိနေတာကြောင့် အဲဒီကဏ္ဍတွေဟာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ဦးဆောင်မှုပိုင်းတွေ လိုပါလိမ့်မယ်။

Q- အွန်လိုင်းပညာသင်ဆုက ထိုင်းနိုင်ငံမှာနေတဲ့ တရားဝင်အထောက်အထားမရှိတဲ့ လူငယ်တွေအတွက်လား။ အဲဒါနဲ့ပတ်သက်ပြီး ထိုင်းနဲ့ ဆွေးနွေညှိနှိုင်းထားတာတွေရှိလား။
မှန်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် ပညာသင်ဆုလျှောက်တဲ့ ပုံမှန်လုပ်ငန်းစဉ်မှာ မပါဝင်နိုင်တဲ့ ကျောင်းသားတွေရှိပါတယ် အွန်လိုင်းသင်ကြားမှုက သူတို့အတွက် တခြားနည်းနဲ့ အခွင့်အရေးပေးတာပါ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာကျောင်းသားတွေအနေနဲ့ အွန်လိုင်းပညာရေးအတွက် လျှောက်လွှာတင်ဖို့ ဝက်ဘ်ဆိုဒ်မှာ သွားဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
ဒီပရိုဂရမ်မှာပါဝင်နေတဲ့ တက္ကသိုလ်တွေအားလုံးအတွက် ဒါက အရေးပါတဲ့အပိုင်းပါ တက္ကသိုလ်တိုင်းမှာ ကိုယ်ပိုင်စံသတ်မှတ်ချက်တွေရှိကြပါတယ် ဒါကြောင့် ကျောင်းသားတွေဟာ မြန်မာနိုင်ငံ ဒါမှမဟုတ် ဒေသတွင်းတခုခုက တက္ကသိုလ်ကို လျှောက်ချင်တယ်ဆိုရင် သတ်မှတ်ချက်တွေအတိုင်းလုပ်ပြီး လျှောက်ကြဖို့ပါ၊
အရီဇိုးနားတက္ကသိုလ်ဟာ အမေရိကန်မှာ လူသိများပြီး ကောင်းကောင်းအသိအမှတ်ပြုခံရတဲ့ တက္ကသိုလ်ပါ အွန်လိုင်းကနေ တက်ခွင့်ရမှာပါ။

Q- ဒါက ဒုတိယအမျိုးအစား ပညာသင်ဆုပေါ့နော် ဒီပရိုဂရမ်မှာ ပိုထူးခြားတဲ့အချက်တွေက ဘာတွေဖြစ်မလဲ။
ဒီပရိုဂရမ်ရဲ့ထူးခြားချက်က ကျောင်းသားအများကြီးကို ပညာသင်ဆုပေးတာပါ ဥပဒေရေးရာ လင်ကွန်းပညာသင်ဆုထက် ကျောင်းသားများပါတယ် ၊
အကျိုးကျေးဇူးတခုကတော့ မိတ်ဖက်အဖွဲ့အစည်းများတွေဟာ ကမ္ဘောဒီးယား အင်ဒိုနီးရှား ဖိလစ်ပိုင် အိန္ဒိယ စတဲ့ ဒေသတွင်းမှ ရှိနေတာကြောင့်ပါ အထူးသဖြင့် ဒါဟာ ပညာရေးကဏ္ဍမှာ ဒေသတွင်းပေါင်းစည်းမှုကို မြှင့်တင်မယ့် နည်းလမ်းတခုပါ ၊ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ အိမ်နီးချင်းနိုင်ငံမှာ ပညာသင်ကြားတဲ့အတွေ့အကြုံရှိလာပြီးတော့ သူတို့ဟာ တခြားကျောင်းသားတွေနဲ့ အချိတ်အဆက်မိသွားမယ်။
အပြန်အလှန်အားဖြင့် ထိုင်းနိုင်ငံက ကျောင်းသားတွေဟာ အွန်လိုင်းက ကျောင်းသားတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေ ရှိလာမယ် ဒါဟာ အမေရိကန်အစိုးရပံ့ပိုးပေးနေတဲ့ ဒေသတွင်းပေါင်းစည်းမှုမြှင့်တင်ဖို့ နည်းလမ်းကောင်းပါပဲ။

Q – နှစ်ပေါင်းများစွာ ပညာသင်ဆုတွေပေးခဲ့တာကို ကျတော်တို့ သိထားပြီးပါပြီ ဒီပရိုဂရမ်မျိုးက အလွန်ထူးခြားပါတယ် အရင်က ဒီလိုပရိုဂရမ်မျိုးလုပ်ခဲ့ဘူးလား။
ဒေသအလိုက်နဲ့ အထူးသဖြင့် လူနည်းစုလူမျိုးစုတွေအတွက်တော့ လုပ်ဖူးပါတယ်၊
ထူးခြားတဲ့ ရှုထောင့်တွေလည်း ရှိပါတယ်။ တခုကတော့ ဒေသအလိုက် အလေးထားလုပ်ဆောင်မှုပါ ၊
ဒါပေမယ့် ထူးခြားမှုကတော့ အားလုံးပါဝင်ရေးပါပဲ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်တဲ့နိုင်ငံပါ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေအားလုံးကို အဆင့်မြင့်ပညာသင်ကြားနိုင်မယ့် အခွင့်အရေးပေးဖို့ပါပဲ မသန်စွမ်းတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေ အားလုံးပါဝင်နိုင်စေဖို့ပါ လူတိုင်းပါဝင်ပြီး လူတိုင်း ပညာသင်ကြားခွင့်ရရှိစေမယ့် နည်းလမ်းကောင်းတခုပါ အမေရိကန်ရဲ့တန်ဖိုးနဲ့ ဒေသတွင်းကလူတွေရဲ့ အရေးပါတဲ့ တန်ဖိုးကို ထင်ဟပ်စေမယ့် အစီအစဉ်တခုပါ ။

Q – အတန်းသားတွေအနေနဲ့ကရော သီးသန့်စီလား ဒါမှမဟုတ် ထိုင်း ကမ္ဘောဒီးယားနဲ့ တခြားဒေသက ကျောင်းသားတွေကို ရောထားမှာလား။
သူတို့တွေဟာ တက္ကသိုလ်အသိုက်အဝန်းထဲမှာ တစုတစည်းတွေ ရှိနေမှာပါ ဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တက္ကသိုလ်တွဟာ ကိုယ်ပိုင်အရင်းအမြစ်များ မရှိနိုင်တဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေကို ကြိုဆို နေရာပေးဖို့ ကြိုးပမ်းနေကြပါတယ်၊
အဲဒီတက္ကသိုလ်တွေကို အလွန်ဂုဏ်ယူပါတယ် သူတို့တွေဟာအမေရိကန်က ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ ဒီလို ပရိုဂရမ်တွေမှာ သူတို့ရဲ့ ကိုယ်ပိုင်အရင်းအမြစ်တွေကို ထုတ်ပေးကြပါတယ် ဒါဟာ တခြား တက္ကသိုလ်တွေ အစိုးရတွေကိုလည်း သူတို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံ စိုက်ထုတ်ဖို့ တွန်းအားဖြစ်စေပါတယ် မတူကွဲပြားတဲ့ တိုးတက်ပြောင်းလဲလာတဲ့ပရိုဂရမ်တွေမှာ ဒါမျိုးတွေ တွေ့ရတတ်ပါတယ်။

Q – နောက်ဆုံးအနေနဲ့ မေးခွန်းတခုမေးချင်ပါတယ် ထိုင်းနိုင်ငံမှာ CDM ပါမောက္ခတွေအများကြီးပဲ သူတို့ကရော ဒီအစီအစဉ်မှာ ဝင်ပါလို့ရလား ရာထူးကြီးတဲ့ စီနီယာဆရာ ပါမောက္ခတွေကော အခွင့်အရေးရနိုင်မလား ။
ဒီပရိုဂရမ်က မြန်မာနိုင်ငံသားတွေအတွက်ပါပဲ ဌာနဆိုင်ရာလူဖြစ်နေရင်လည်း လျှောက်ဖို့ ဝက်ဘ်ဆိုက်ကို သွားလေ့လာပြီး အရည်အချင်းသတ်မှတ်ချက်တွေကို လေ့လာကြည့်ပါ လျှောက်ထားသူရဲ့ ပညာရေးနောက်ခံအပေါ် မူတည်ပါတယ် ပါဝင်နိုင်သူတွေရဲ့ စံသတ်မှတ်ချက်တွေကို ပြောပြထားပါတယ် ပညာသင်ဆုလျှောက်ဖို့ ဝက်ဘ်ဆိုက်မှာသာ စံသတ်မှတ်ချက်တွေ သွားဖတ်ကြည့်လိုက်ပါ
ပညာသင်ဆုက ကျောင်းသားတွေအတွက်ပါ ပါမောက္ခတွေအတွက်မဟုတ်ပါဘူး။

Q – မြန်မာကျောင်းသားတွေအတွက် ဒီပညာသင်ဆုလျှောက်ရာမှာ ဘယ်လိုစံနှုန်းသတ်မှတ်ချက် တွေ လျှော့ပေါ့ပေးထားလဲ။
ဒီပရိုဂရမ်မှာပါဝင်တဲ့ တက္ကသိုလ်တိုင်းဟာ ပညာသင်ဆုလျှောက်တာနဲ့ပတ်သက်ပြီး သူတို့ကိုယ်ပိုင် လုပ်ငန်းစဉ်တွေရှိပါတယ် ပညာသင်ဆုလျှောက်သူတွေဟာ အဆင့်သတ်မှတ်ချက် ထောက်ခံစာနဲ့ ရည်မှန်းထားတဲ့ သင်တန်း စတဲ့လိုအပ်ချက်တွေကို စိစစ်လေ့လာရပါမယ် တက္ကသိုလ်တွေအများကြီးပါဝင်နေတာမို့ ကျွန်တော်တို့ ခြုံပြောလို့ မရပါဘူး တက္ကသိုလ်လျှောက်ဖို့ ဝက်ဘ်ဆိုက်မှာသာ ဖတ်ကြည့်လိုက်ပါ
ကျမတို့ဟာ ရှိပြီးသား တက္ကသိုလ်တွေနဲ့ လက်တွဲလုပ်တာဖြစ်ပါတယ် တော်လှန်တက္ကသိုလ်တွေက အဆင့်သတ်မှတ်ချက်တွေက အလုပ်ဖြစ်လားဆိုတာ မပြောနိုင်ပါဘူး ကျောင်းသားတွေဟာ ပရိုဂရမ်ထဲမှာပါတဲ့ တက္ကသိုလ်အသီးသီးရဲ့ စံသတ်မှတ်ချက်တွေနဲ့ညီရင် လျှောက်လို့ ရမှာပါ
ကျေးဇူးအများကြီးတင်ပါတယ် ။