စစ်ရေးတင်းမာနေ၍ တွင်းငယ်-ကြာညှပ်-တကောင်းလမ်းပိုင်း အကန့်အသတ်မရှိပိတ်မည်ဟု သပိတ်ကျင်း ပကဖ ထုတ်ပြန်

ပုံစာ-စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲမှုကြောင့် ပျက်စီခဲ့ရသည့် တကောင်းမြို့အနီးဝန်းကျင်မှ နေအိမ်အချို့(Photo Cj)

ပုံစာ-စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲမှုကြောင့် ပျက်စီခဲ့ရသည့် တကောင်းမြို့အနီးဝန်းကျင်မှ နေအိမ်အချို့(Photo Cj)

007

(မဇ္စျိမ)။ ။တကောင်းမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား စစ်ရေးတင်း မာနေသဖြင့် တွင်းငယ်-ကြာညှပ်-တကောင်းလမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးတွင် မတ်လ ၄ ရက်နေ့မှစ၍ စစ်ရေးတင်းမာနေ ခြင်းဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများ အသုံးပြု၍ စစ်ကြောင်းထိုးနေ သဖြင့် အရပ်သားများထွက်ပြေးနေရကြောင်းနှင့် ဒေသတွင်းအခြေအနေသည် အန္တရာယ်များလွန်းလှ သည့်အခြေအနေဖြစ်နေ၍ တွင်းငယ်-ကြာညှပ်-တကောင်းလမ်းပိုင်းအား အကန့်အသတ်မရှိ ယာယီ ပိတ် ထားလိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်အား မတ်လ ၉ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်အသုံးပြုနိုင် မည့်ရက်ကို ထပ်မံကြေညာသွားမည်ဟု ဆိုသည်။

“စစ်ရေးအရ ဘယ်အချိန်အထိပိတ်မယ်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး” ဟု Thabeikkyin Revolution-TR အဖွဲ့မှပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်က မတ်လ ၇ ရက်နေ့တွင် တကောင်းမြို့အနီးဝန်းကျင်ကို တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲပြီး လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်လည်းပစ်ခတ်တိုက်ခိုက်ခဲ့ကာ မတ်လ ၁ ရက်နေ့ကလည်း တကောင်းမြို့ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ် အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကဆို သည်။

“တကောင်းမြို့ထဲမှာတော့ စခ (စစ်ကောင်စီတပ်ဖွဲ့)တွေ ရှိနေဆဲပါပဲ။ အင်အားခန့်မှန်းကတော့ စုံစမ်းနေ ဆဲပါ၊ စစ်ဘေးရှောင် အရေအတွက် ၅,၀၀၀ နီးပါးရှိမယ်လို့ ခန့်မှန်းပါတယ်။

ပျက်စီးမှုက နေအိမ်ငါးလုံး ထက်မနည်းရှိခဲ့တယ်။ အရပ်သားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရထားပါတယ်” ဟု အဆိုပါ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီးကပြောသည်။

တကောင်းမြို့သည် မန္တလေးတိုင်း၏မြောက်ဘက်အစွန်ဆုံးတွင်ရှိသော ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြို့ဟောင်းတခုဖြစ်ပြီး မန္တလေးမြို့နှင့် ၁၂၇ မိုင်ခန့်၊ သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကြားတွင် တည်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က တကောင်းမြို့တွင်းရှိ ဌာနဆိုင်ရာများ၊ စာသင်ကျောင်း များနှင့် သာသနိကအဆောက်အအုံများအတွင်း စစ်စခန်းဖွင့်နေထိုင်ရာမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိတွင် စစ်ရေးအတင်းမာဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စာတည်း။ ။စောဖေ