စစ်​​ကောင်စီထောက်ပို့တပ်အနီး AA ထိုးစစ်ဆင်တိုက်ခိုက်ရာ တပ်မိသားစုဝင်များထွက်​ပြေး

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ အမ်း-​တပ်​တောင်ကားလမ်းအထွက် စစ်​ကောင်စီ​ထောက်ပို့တပ်အနီး ရက္ခိုင့်တပ်​တော်(AA)မှထိုးစစ်ဆင်တိုက်ခိုက်ရာ တပ်မိသားစုဝင်များကားဖြင့် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ထွက်​ပြေးတိမ်း​​ရှောင်​နေ​ကြောင်း​သိရသည်။

ယ​နေ့ မတ်လ ၂၇ ရက် နံနက်ပိုင်းတွင် အမ်းတပ်နယ်ခန်းမအတွင်း တပ်မတော်နေ့ အခမ်းအနားကျင်းပ​နေချိန် နပခ နှင့် ငါးဖာလုံခန့်သာအကွာအ​ဝေးရှိသည့် ​ထောက်ပို့တပ်အနီး ကွမ်းခြံမြောင်ဘုန်းကြီးကျောင်းနားသို့ AA မှထိုးစစ်ဆင်တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း​ဒေသခံသတင်းရင်းမြစ်တဦးက မဇ္စျိမကို​ပြောသည်။

“အဲ့ဒီနား မိုင်းကွင်း​တွေကို AA က ဘယ်လို​ကျော်သွားလည်းမသိဘူး ​ထောက်ပို့တပ်​ထိရောက်သွားပြီ စစ်တပ်မိသားစုက နပခထဲဝင်​ပြေး ကား​တွေနဲ့အကုန် နပခထဲဝင်​ပြေးကုန်ပြီ၊ ဟို​နေ့က ပြောင်​သေမှာ တိုက်ပွဲစတယ်။ ပြီး​တော့လုံး၊ လုံးက​နေ အခု ​ထောက်ပို့တပ်နားထိရောက်လာတာ၊ လုံးနဲ့​ထောက်ပို့တပ်နားဆို တဖာလုံ ထက်မဝေးပါ “ဟု ၎င်းက​ပြောသည်။

ရက္ခိုင့်တပ်​တော်(AA)မှ မတ်လ ၂၄ ရက်တွင် အမ်းမြို့အ​ခြေစိုက် နပခမှသုံးမိုင်အကွာ ​ပြောင်​သေ​ကျေးရွာ၌ တိုက်ပွဲစတင်​ဖော်​ဆောင်ခဲ့၍ မတ်လ ၂၅ ရက်နှင့်၂၆ ရက်တွင် နပခနှင့်တမိုင်အကွာရှိ လုံး​ကျေးရွာသို့ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ယ​နေ့တွင် နပခနှင့် ငါးဖာလုံသာ​ဝေးသည့် ​ထောက်ပို့တပ်အနီးသို့ ထိုးစစ်အရှိန်မြင့်တင်လာသည်ကို​ တွေ့ရ​ကြောင်း​ဒေသခံများကဆိုသည်။

ထို့​ကြောင့် AA ၏ထိုးစစ်သည် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုပစ်မှတ်ထားတိုက်ခိုက်ရန် တဖြည်းဖြည်းချဥ်းကပ်လာသည်ကို​ တွေ့ရပြီး ထောက်ပို့ တပ်မှာလည်း စခန်းဆုတ်ခွာပြေးမည့်အနေအထားကို တွေ့ရ​ကြောင်း​ လုံး​ကျေးရွာခံများက​ ပြောသည်။

လက်ရှိတိုက်ပွဲအရှိန်​ကြောင့် ထောက်ပို့တပ်အ​ရှေ့တည့်တည့်ရှိ ချင်းကုန်းနှင့်လုံး​ကျေးရွာတို့မှ ​ဒေသခံအရပ်သား ၂၀၀​ ခန့်မှာ ညောင်ဝိုင်းဘုန်းကြီး​ကျောင်း​သို့ စစ်​ဘေး​ရှောင်​နေရ​ကြောင်း သိရသည်။

အမ််းမြို့နယ်တိုက်ပွဲအတွင်း ယမန်​နေ့အထိစစ်​ကောင်စီတပ်သားအများအပြား​​သေဆုံး​နေ၍ အ​လောင်းများ​တွေ့ရှိသော်လည်း တိုက်ပွဲဖြစ်​နေဆဲအ​ခြေအ​နေ​ကြောင့် အအ​ရေအတွက်အတိအကျကို မသိရ​ကြောင်း​ ဒေသခံများကဆိုသည်။

စစ်​ကောင်စီ၏ တိုက်ပွဲအတွင်း ​လေ​ကြောင်းမှပစ်ခတ်တိုက်ခိုက်မှု​ကြောင့် အမ်းမြို့နယ် ​​ပြောင်​သေ၊ ဂယ်လောင်းနှင့်လုံး ​ကျေးရွာတို့တွင်နေအိမ် ငါးလုံးထက်မနည်း မီး​လောင်ပျက်စီး​ကြောင်း သိရသည်။

အမ်းမြို့ရှိ နပခ လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၃၇၂)၊ခလရ(၃၇၃)တပ်ရင်း နှစ်ရင်းလုံးကို ပြီးခဲ့သည့်အ​ခေါက်က ရမ်းဗြဲမြို့သို့စစ်ကူပို့ခဲ့ရာ AA က ကြားဖြတ်ချေမှုန်းနိုင်ခဲ့သဖြင့် လက်ရှိ​အ​နေအထားအရ နပခလက်​အောက်တွင် ခလရ(၃၇၁) တပ်ရင်းတခုနှင့် ကျန်တိုက်ခိုက်​ရေးတပ်ဖွဲ့မဟုတ်သည့် လက်ရုံးတပ်အချို့သာ အမ်းမြို့တွင်ကျန်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်​​​တော်(AA)က လေးလ​ကျော်ကာလအတွင်း မြို့ကိုးမြို့သိမ်းပိုက်ထားနိုင်ရာမှ ယခု​တောင်ပိုင်းရှိ အမ်းမြို့ကိုတိုက်ပွဲဦးတည်လာ၍ နှစ်ဘက်စစ်​ရေးအရှိန်မှာ မြင့်တက်လျက်ရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)