သောက်သုံးရေနဲ့ စားနပ်ရိက္ခာ ကူညီပေးဖို့ ဝိုင်းမော်က စစ်ရှောင်တွေ တောင်းဆို (ရုပ်သံ)

ရွှေနွယ်

တိုက်ပွဲတွေကြားမှာ ရက်အနည်းငယ်ကြာ ပိတ်မိပြီး ခက်ခက်ခဲခဲ ညှိနှိုင်း ကယ်ထုတ်ခဲ့ရတဲ့ ဝိုင်းမော်မြို့နယ်က စစ်ဘေးဒုက္ခသည် ၂,၀၀၀ နီးပါးအတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လုပ်အပ်နေတယ်လို့ စစ်ဘေးရှောင်တွေက မဇ္ဈိမကို ပြောပါတယ်။

ဒေသခံတွေ စွန့်ခွာလာတဲ့ ဝိုင်းမော်က အောင်မြေ (၂) ရွာမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားပြီး စစ်ရှောင်တွေကို နေရပ်ပြန်လာဖို့ ပြောဆိုတာမျိုးရှိပေမယ့် တိုက်ပွဲပြန်ဖြစ်မှာနဲ့ မြေမြုပ်မိုင်း အန္တရာယ်ကြောင့် နေရပ်မပြန်ရဲဘဲ ဖြစ်နေကြပါတယ်။ အပြည့်အစုံကို မရွှေနွယ်က ပေးပို့တင်ဆက်ထားပါတယ်။