စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအများဆုံးပြုလုပ်တဲ့ ကနီမြို့တိုက်ပွဲ

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မြို့သိမ်းတိုက်ပွဲ အဖြစ် မတ်လ ၂ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။

မြို့ရဲ့နေရာအများအပြားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်နိုင်ချိန်မှာတော့ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်လာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်လာပြီးနောက်ပိုင်း မတ်လ ၁၂ ရက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည် ဆုတ်ခွါခဲ့ရတယ်လို့ ပြောပါတယ်။

ကနီမြို့မှာဖြစ်ပွားတဲ့တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် ပ.က.ဖ ဒုတာဝန်ခံ ကိုမိုးကောင်းကို မဇ္စျိမကမေးမြန်း တင်ဆက်ထားပါတယ်။

သတင်း-လွှမ်းမိုး/ ရုပ်သံတည်းဖြတ်-ဂျူချန်း