အမှတ် (၂) စစ်ဒေသခွဲ၊ စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးနှင့်ဆက်သွယ်မေးမြန်းချက်

“အမှတ် (၂) စစ်ဒေသခွဲတခုလုံးအတိုင်းအတာနဲ့ပြောမယ်ဆိုရင် ERO နဲ့ဆက်စပ်တဲ့နေရာတွေမှာ နယ်မြေစိုးမိုးထားပါပြီ”

ရွှေနွယ်(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က စစ်ကောင်စီစခန်းတွေကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ယမန်နေ့ မတ်လ ၂၈ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ်ထားပါတယ်။

ဖာပွန်မြို့ လတ်တလောအခြေအနေနဲ့ အမှတ် (၂) စစ်ဒေသရဲ့ ဒေသတွင်း စစ်ရေးအခြေအနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဒေသခွဲ၊ စစ်ဒေသခွဲမှူးရဲဘော်တင်ဦးကို မဇ္ဈိမသတင်းထောက်ရွှေနွယ်က ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းတည်းဖြတ်/တင်ဆက် – ရွှေနွယ်