နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၉ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

  • ထုထည်ကြီးမားသည့် ပစ္စည်းတခုခု ရွှေ့ရန်တွန်းကြသည့်အခါ ခြေထောက်မည့်နေရာ ကောင်း ကောင်း လေးလိုသကဲ့သို့ တနိုင်ငံလုံး ပြီးမြောက်ရန် ထောက်ပို့နေရာကောင်းကောင်းလေး လုံလုံ ခြုံခြုံ ဖြစ်ရန်လိုအပ်ကြောင်းယင်းအတွက် ဝိုင်းကြိုးစားနေကြကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ကပြောသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို မတ် ၂၈ ရက် ပြုလုပ်ခဲ့ကြသည်။
  • ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကနေ ဖွဲ့စည်း အတည်ပြု ထားသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၁၇၄ မြို့နယ်ရှိပြီး စိုးမိုးထိန်းချုပ်စီမံ ဆောင်ရွက်နေ သော မြို့နယ် ၃၈ မြို့နယ် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောသည်။
  • မဲနှိုက်ပြီး စစ်မှုထမ်းရန်မဲပေါက်သည်ဆိုကာ အဓမ္မ စစ်မှုထမ်း ခိုင်း၍ မိသားစုပါ​ခေါ်​ဆောင်ပြီး စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသူကိုစောင့်ရှောက် ပေးထားကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုမျာ

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာရှိ နေအိမ် ၅၃လုံးကို စစ်ကောင်စီတပ်ဖွဲ့ က ထပ်မံမီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံထံမှသိရသည်။
  • စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၂၉ ရက် နံနက် ၁ နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြင်းချင်ကျေးရွာ မှ ပျူစောထီးခေါင်းဆောင် ထွန်းနိုင် အပါအဝင် သုံးဦး စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စောင့်ကြို ပစ်တ်ခဲ့ရာ ယာဉ်ပေါ်ပါ သုံးဦးလုံး သေဆုံးသွားပြီး သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ မုံရွာ-ရန်ကုန်-မြိုင်-ဆားလင်းကြီး-ပုလဲ သပိတ်တက် ကြွလှုပ်ရှားသူများ ဦးဆောင်ပြီး မတရားစစ်မှုထမ်းဥပဒေအလိုမရှိ ကြောင်းကို ပြည်သူလူထုနဲ့အတူ ကန့်ကွက်ဆန္ဒပြခဲ့သည်။
  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ မုံရွာ-ရန်ကုန်-မြိုင်-ဆားလင်းကြီး-ပုလဲ သပိတ်တက်ကြွလှုပ်ရှားသူများ ဦးဆောင်ပြီး မတရားစစ်မှုထမ်းဥပဒေအလိုမရှိ ကြောင်းကို ပြည်သူလူထုနှင့် အတူ ကန့်ကွက်ဆန္ဒပြခဲ့သည်။
  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်က ထိတွေ့တိုက်ပွဲ လေးကြိမ် ဖြစ်ပွားရာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ခေါင်းဆောင် အပါအဝင် လေးဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၂ ) တာဝန်ရှိသူထံက သိရသည်။
  • မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ယနေ့ (မတ်လ ၂၉) နံနက်ပိုင်း၌ NRFF- New Rehmonny Federated Force အဖွဲ့မှ တော်လှန်လူငယ်များက ဦးဆောင်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန် နှင့် စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ရန် လှုံ့ဆော်ဆန္ဒပြခဲ့သည်။
  • ကချင်ပြည်နယ် ထဲက တရုတ်နယ်စပ်မြို့ လွယ်ဂျယ် ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဝိုင်းပတ်ပိတ်ဆို့ထားလိုက်ပြီး စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများကို ထွက်ခွာရန် အချိန်ပေးထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ 

  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသရွာကို စစ်ကောင်စီက လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းသည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး စစ်ရာဇဝတ်မှုမြောက်သည့်လုပ်ရပ်ဟု မတ်လ ၂၈ ရက်နေ့က မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ (NMSP-AD) က ထုတ်ပြန်သည်။
  • အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့အနီးတိုက်ပွဲနှင့် မ‌ကွေးတိုင်း ငဖဲမြို့အနီး တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၅ ဦးသေဆုံးခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က မမတ်လ ၂၉ ရက်နေ့တွင်် ထုတ်ပြန်သည်။

စစ်ကောင်စီ

  • ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းအချို့က လူငယ်များကို စစ်မှုထမ်းရန် လာရောက် ခေါ်ဆောင် သွားကြောင်း ဒေသခံများထံက သိရသည်။
  • မြန်မာစစ်တပ် နှင့် ရုရှားတပ်များကြားမှာ အခု ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရပူးပေါင်း ဆောင်ရွက်မှု ၅၀ ကျော် လုပ်ရန် စီစဉ်ထားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအစိုးရအာဘော် RIA သတင်းဌာနက မတ် ၂၈ ရက်နေ့က ဖော်ပြထားသည်။
  • စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲချုပ် ( ၁ ) ၊ ရဲဗိုလ်ချုပ်အောင်အောင်အား အရပ်ဘက်ဌာနသို့ ပြောင်းရွှေ့ပို့ဆောင်လိုက်ကြောင်း မတ်လ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာအရ သိရသည်။
  • စစ်မှုထမ်းဥပဒေကိုအသုံးချပြီး စုဆောင်းရရှိထားသူများကို စစ်သင်တန်းပေးရန်အတွက် ရန်ကုန်တိုင်း ၊တိုက်ကြီးမြို့နယ်တွင်ရှိသည့် အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ယနေ့ စစ်ကောင်စီက စတင်ပို့ဆောင်လိုက်ကြောင်း သိရသည်။
  • မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးပိုမို အားကောင်းစေရန်အပါအဝင် စစ်ဘက်နှင့်စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက် မှုမြှင့်တင်ရေး ကြိုးပမ်းမှုများအတွက် တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။

မတ် ၂၉ သုံးသပ်ချက်

  • စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေအရ ဧပြီလကုန်ပိုင်းမှစတင်၍ တပ်သားသစ်စုဆောင်းခြင်း သင်တန်းပို့ချခြင်းများ ပြုလုပ်မည်ဟု ပြောဆိုထားသော်လည်း ယခုကတည်းစတင်စုဆောင်းကာ သင်တန်းစတင်ပေးနေသည်။ယင်းအပြင် တချို့နေရာများတွင် စစ်မှုထမ်းရန် အမည်မပါသော် လည်း အတင်းအဓမ္မစုဆောင်ခြင်းများပြုလုပ်နေသည့်အတွက် ဥပဒေကို အကြောင်းပြကာ အတင်းအဓမ္မစစ်သားစုဆောင် ပေါ်တာဆွဲနေခြင်းဖြစ်သည်။