ခင်ဦးတွင် အဓမ္မ စစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ပြုလုပ်

ပုံအညွှန်း- စစ်မှုထမ်းဥပဒေ ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု

ပုံအညွှန်း- စစ်မှုထမ်းဥပဒေ ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု

လွှမ်းမိုး

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် အတွင်းရှိ ဒေသခံများ စုပေါင်း၍ စစ်ကောင်စီတပ်၏ အဓမ္မ စစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကို ယမန်နေ့ ဧပြီ ၆ ရက် ညနေပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သပိတ်စီစဉ်သူများထံက သိရသည်။

ပုံအညွှန်း- စစ်မှုထမ်းဥပဒေ ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု

အဆိုပါသပိတ်တွင် ဒေသခံလူငယ်များသည် “မတရား စစ်မှုထမ်း ဥပဒေ အလိုမရှိ” စာသားပါ ဘန်နာများ ကိုင်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ထိုလူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဒေသခံ ဦးရေ ၈၀၀ ကျော်သည် စစ်ကောင်စီတပ်၏ မတရားသည့် အမိန့်ဟူသမျှကို ဆန့်ကျင်ကြောင်း လက်မှတ်ထိုးသည့် လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့ကြောင်း သပိတ်စီစဉ်သူတဦးထံက သိရသည်။

ပုံအညွှန်း- စစ်မှုထမ်းဥပဒေ ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု

ဧပြီလမှ စတင်ပြီး စစ်ကောင်စီတပ်၏ အဓမ္မစစ်သား စုဆောင်းမှုကို ဆန်ကျင်သည့် လူထုလှုပ်ရှားမှုများကို ဒေသခံများနှင့် ပူးပေါင်းကာ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သပိတ်စီစဉ်သူများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး