ကျောက်ရထား မိုင်းခွဲခံရပြီးနောက် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ရပ်နားထားရ

ပုံအညွှန်း- မိုင်းခွဲခံရမှုကြောင့် လမ်းဘေးချော်ကျသွားသည့် ရထားတွဲများ (ဓါတ်ပုံ- လူမှုကွန်ရက်/ ပေးပို့)

ပုံအညွှန်း- မိုင်းခွဲခံရမှုကြောင့် လမ်းဘေးချော်ကျသွားသည့် ရထားတွဲများ (ဓါတ်ပုံ- လူမှုကွန်ရက်/ ပေးပို့)

YT

(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှလာသည့် ကျောက်တင်ရထားတစင်း သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာ နှင့် ဒုံဝန်းဘူတာအကြားတွင် မိုင်းထောင်ဖောက်ခွဲခံလိုက်ရသဖြင့် လမ်းချော်သွားပြီး ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ရပ်နားထားရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (ဧပြီလ ၁၀ ရက်) နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာမှလာသည့် အတွဲ ၂၀ ပါ ကျောက်တင်ရထားသည် သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြားတွင် မိုင်းထိမှန်၍ ရထားတွဲအချို့ လမ်းချော်ပျက်စီးခဲ့ခြင်းဖြစ်သည်။

ပုံအညွှန်း- မိုင်းခွဲခံရမှုကြောင့် လမ်းဘေးချော်ကျသွားသည့် ရထားတွဲများ (ဓါတ်ပုံ- လူမှုကွန်ရက်/ ပေးပို့)

“အသံတော်တော်ကျယ်တာ အိမ်ပါတုန်တယ်။ ပေါက်ကွဲအားပြင်းတယ် သံလမ်းတွေပြတ်ပြီး လွင့်ထွက် ကုန်တယ်။ နန်းတောင်းရွာကြီးအနောက် ရထားလမ်းမှာ ဖြစ်တာပါ”ဟု ပေါက်ကွဲသည့်နေရာသို့သွား ရောက်ကြည့်ရှုခဲ့သည့် ဒေသခံတဦးက ပြောသည်။

အဆိုပါဖြစ်စဉ်အတွင်း စက်ခေါင်းတွဲအပါအဝင်တွဲလေးတွဲ လမ်းချော်ကာ ရထားလမ်းဘေးသို့ ထိုးကျသွား ခဲ့ပြီး သံလမ်းအချို့ ပျက်စီးသွားကြောင်း သိရသည်။

ကျောက်တင်ရထား မိုင်းခွဲခံရမှုကြောင့် ရန်ကုန်- မော်လမြိုင် ရထားခရီးစဉ်များရပ်နားထားကြောင်း သထုံ ဒေသခံကပြောသည်။

ပုံအညွှန်း- မိုင်းခွဲခံရမှုကြောင့် လမ်းဘေးချော်ကျသွားသည့် ရထားတွဲများ (ဓါတ်ပုံ- လူမှုကွန်ရက်/ ပေးပို့)

“ရန်ကုန်-မော်လမြိုင် ရထားတွေရပ်ထားတယ်။ တွဲတွေဆွဲတင်ရဦးမယ်လေ၊ လုံခြုံရေးက ချက်ချင်းမသွား ရဲဘူး။ ဘီးလင်းတံတားဖြစ်တုန်းက ချက်ချင်းသွားလို့ ဒရုန်းနဲ့ချခံရတာ သေကုန်တယ်”ဟု သထုံမြို့ခံတဦး ကပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ကလည်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြားတွင် ရထားလမ်း မိုင်းခွဲခံ ရမှုကြောင့် ကျောက်တင်ရထားတစင်း လမ်းချော်ပြီး ရထားသံလမ်းအချို့ ပျက်စီးခဲ့သည်။

ယင်းသို့ မိုင်းခွဲခံရမှုကြောင့် လုံခြုံရေးအရ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို မတ်လ ၂၄ ရက်နေ့ အထိ တပတ်ရပ်နားခဲ့ရကြောင်း ဒေသခံများနှင့် မော်လမြိုင်ဘူတာကြီး လူမှုကွန်ရက်စာမျက်နှာ၏ ထုတ် ပြန်ချက်အရ သိရသည်။

စာတည်း။ ။စောဖေ