တောင်တရုတ်ပင်လယ်ရှိ သန္တာကျောက်တန်းများကို တရုတ် ဖျက်ဆီးနေ

ခုံးကောင်များ ဖမ်းဆီးသူများကြောင့် သန္တာကျောက်တန်းများ  ပျက်စီးနေပုံ။

Vietnam Times

ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ ဌာနခွဲဖြစ်သည့် အာရှပင်လယ် ရေကြောင်းပွင့်လင်းမြင်သာမှုအဖွဲ့(AMTI) က ရိုက်ကူးထားသည့် ဂြိုဟ်တုပုံရိပ်များတွင် တရုတ်လှုပ်ရှားမှုများကို ဖမ်းယူရရှိခဲ့သည်။

“တရုတ်က သောင်တူးခြင်းနှင့် မြေဖို့မှုများကို ပြုလုပ်ခဲ့သဖြင့် သန္တာကျောက်တန်း ဧက ၄,၆၄၈ ခန့် ပျက်စီးခဲ့ရ ကြောင်း အချက်အလက်များက ဖော်ပြနေသည်” ဟု features.csis ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

အမှန်တကယ် ပျက်စီးဆုံးရှုံးမှုသည် ခန့်မှန်းထားသည်ထက် ပိုမိုများပြားမည်ကို စိုးရိမ်နေကြသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခြင်းအတွက် တရုတ်ကို အပြစ်တင်နေကြပြီး တရုတ်သည် တောင်တရုတ်ပင်လယ်ဒေသရှိ နိုင်ငံများ၏ ဆန့်ကျင်ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရသည်။

တရုတ်၏ လုပ်ဆောင်ချက်များသည် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများအပေါ် ဆိုးရွားသော သက်ရောက်မှုများ ရှိလာနိုင် ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

တရုတ်အစိုးရသည် တောင်တရုတ်ပင်လယ်ရှိ ကျွန်းများကို ပိုင်ဆိုင်ကြောင်း ပြောကြားထားပြီး စစ်အခြေ စိုက်စခန်းများတည်ဆောက်ရေးအတွက် ကျွန်းတုများတည်ဆောက်လျက်ရှိသည်။

ယင်းလုပ်ဆောင်ချက်များကြောင့် သန္တာကျောက်တန်းများကို ပြန်ပြုပြင်၍ မရအောင်အလွန်အမင်း ပျက်စီးစေ ခဲ့သည်။

တရုတ်က AMTI-CSIS အစီရင်ခံစာကို သတင်းမှားဟု ခေါ်ဆိုခဲ့သည်။သို့သော် တောင်တရုတ်ပင်လယ်တွင် တရုတ် ၏ အန္တရာယ်ရှိသော လုပ်ဆောင်မှုများအတွက် အဖွဲ့အစည်းအသီးသီးက အကြိမ်ကြိမ် တိုင်တန်းခဲ့ကြသည်။

၂၀၁၆ ခုနှစ်တွင် တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်း တရုတ်၏ တောင်းဆိုမှုကို သည်ဟက်မြို့အခြေစိုက် အနုညာတစီရင်ဆုံးဖြတ်ရေးတရားရုံး (PCA)က ပယ်ချခဲ့ပြီး ကျွန်းတုများ တည်ဆောက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုအတွက် တရုတ်အား ပြစ်တင် ရှုတ်ချခဲ့သည်။

“တရုတ်၏ ပိုင်နက်တောင်းဆိုခြင်းနှင့် ကျွန်းတုများတည်ဆောက်မှု၊ စက်ပစ္စည်းများ တပ်ဆင်မှုများနှင့် အဆောက် အအုံများ တည်ဆောက်မှုများသည် သန္တာကျောက်တန်းဂေဟစနစ်ကို ပြန်လည်ပြုပြင်၍မရအောင် ဆိုးရွားစွာ ထိခိုက်မှုဖြစ်စေခဲ့သည်” ဟု ခုံရုံးက ဆိုသည်။

ယေးလ်တက္ကသိုလ်၏ သဘာဝပတ်ဝန်းကျင်လေ့လာမှုတခုတွင် တရုတ်၏ ဆိပ်ကမ်းများ၊ ရေဒါကိရိယာများ တပ်ဆင်ထားမှုနှင့် ကမ်းလွန်သန္တာကျောက်တန်းများပေါ်တွင် သဲများဖြင့် လေယာဉ်ပြေးလမ်းများ တည်ဆောက် ထားသည်ကို ဖော်ပြခဲ့သည်။

“ဂြိုဟ်တုအချက်အလက်များ၊ ကွန်ပျူတာတွက်ချက်မှုနှင့် သန္တာကျောက်တန်းများပေါ်ရှိ လူသားများ၏ အကျိုး သက်ရောက်မှုများကို လေ့လာချက်များအပေါ် အခြေခံ၍ တရုတ်လုပ်ဆောင်ချက်များကြောင့် ပြန်လည်ပြုပြင်၍ မရသော ပျက်စီးမှုများကို ဖြစ်ပေါ်စေမည်ကို သိပ္ပံပညာရှင်များက စိုးရိမ်နေကြသည်” ဟု ဆိုသည်။

လေ့လာမှုအရ တောင်တရုတ်ပင်လယ်ရှိ သန္တာကျောက်တန်းများ ပျက်စီးမှု ၉၉ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ၏ ကျွန်းတည်ဆောက်မှုကြောင့် ဖြစ်ပေါ်ခဲ့ရသလို မျိုးရိုးဗီဇ ကွဲပြားမှုနှင့် ဇီဝဗေဒဆက်သွယ်မှုကို အဟန့်အတား ဖြစ်စေခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ သန္တာကျောက်တန်းများသည် တရုတ်ငါးဖမ်းသမားများ၏ ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်နေရသည်။ တရုတ်တံငါသည်များ၏ ခုံးကောင်ကြီးများ ဖမ်းဆီးမှုကြောင့် သန္တာကျောက်တန်း ဧက ၁၆,၃၀၀ ခန့် ပျက်စီးခဲ့ရသည်။