BREAKING NEWS- အစ္စရေးကို တိုက်ခိုက်မည့် ဒရုန်းများနှင့် ခရုစ်ဇ်မစ်ဇိုင်းများ အီရန်ပစ်လွှတ်

ဓာတ်ပုံ- အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် ပါလက်စတိုင်းထောက်ခံသော ပိုစတာကြီးတခုရှေ့တွင် အီရန်ယာဉ်မောင်းများကို ဧပြီ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ဓာတ်ပုံ- အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် ပါလက်စတိုင်းထောက်ခံသော ပိုစတာကြီးတခုရှေ့တွင် အီရန်ယာဉ်မောင်းများကို ဧပြီ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

(မဇ္ဈိမ) အစ္စရေးသို့တိုက်ခိုက်မည့် ဒရုန်းများနှင့် ခရုစ်ဇ်မစ်ဇိုင်းများ အီရန်က ပစ်လွှတ်လိုက်ပြီဖြစ်ကြောင်း အစ္စရေးတပ်မတော် (IDF) က စနေနေ့ညက ထုတ်ပြန်သည်။

ဒရုန်းများကတော့ အစ္စရေးသို့ရောက်ရှိရန် နာရီဖြင့်ချီကြာမြင့်နိုင်ပြီး မစ်ဇိုင်းများကတော့ ပို၍မြန်မြန်ရောက်လာနိုင်မှာဖြစ်သည်ဟုဆိုသည်။

ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက ဧပြီ ၁ ရက်နေ့က တိုက်ခိုက်ခဲ့သည်ဟု ပြစ်တင်လိုက်ပြီး လက်တုံ့ပြန်သွားမည်ဟု ကြိမ်းဝါးခဲ့သည်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွင် အီရန်တပ်မှူးများသေဆုံးခဲ့ရသည်။

အီရန်ဒရုန်းများ ပစ်လွှတ်လိုက်သည်ဆိုသော သတင်းများထွက်ပေါ်လာမှုမတိုင်ခင်လေးတွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက အစ္စရေးအနေဖြင့် ကာကွယ်ရေးစနစ်များချထားပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

” ကျနော်တို့အနေနဲ့ ဘယ်အခင်းအကျင်းမဆို ခုခံရေးအတွက်ကော တိုက်စစ်အတွက်ကော အတွက် အသင့်ဖြစ်တယ်။ အစ္စရေးဟာ အင်အားကောင်းတယ်။ IDF ဟာ အင်အားကောင်းတယ်။ လူထုက အင်အားကောင်းတယ်။” ဟု ဝန်ကြီးချုပ်က ပြောသည်။