အီရန်တိုက်ခိုက်မှုကို ခုခံရန် အမေရိကန်တပ်များနှင့် လေကာများ ဒေသတွင်းရှိနေ

ဓါတ်ပုံ- အစ္စရေး စစ်ပွဲဆိုင်ရာ ကက်ဘိနက်အစည်းအဝေးကျင်းပစဉ် (Haaretz)

ဓါတ်ပုံ- အစ္စရေး စစ်ပွဲဆိုင်ရာ ကက်ဘိနက်အစည်းအဝေးကျင်းပစဉ် (Haaretz)

(မဇ္ဈိမ) အီရန်ဒရုန်းများ အစ္စရေးသို့ဦးတည်လာနေကြောင်း အရာရှိများကပြောကြားလိုက်ပြီးနောက် အမေရိကန်လေယာဉ်တင်သင်္ဘော ဒွိုက် ဒေးဗစ် အိုက်ဆင်ဟောင်ဝါအုပ်စုကြီးသည် ဒေသတွင်းရှိနေကြောင်း သတင်းဆက်လိုက်လာခဲ့သည်။

စစ်သင်္ဘောအုပ်စုကြီးတွင် ပဲ့ထိန်းစနစ်တိုက် ခရုဇာ စစ်သင်္ဘောကြီး တစင်း နှင့် ပဲ့ထိန်းစနစ်တပ် ဖျက်သင်္ဘောနှစ်စင်းတို့လည်းပါဝင်ကာ သင်္ဘောသားပေါင်း ၆၀၀၀ လိုက်ပါလာသည်။

ဖျက်သင်္ဘောများက မစ်ဇိုင်းဒုံးများကို ကြးဖြတ်ပစ်ချနိုင်ကာ အီရန်ကြားခံအုပ်စုများက ပစ်လွှတ်လိုက်သော ဒုံးများကို အကြိမ်ကြိမ်ဟန့်တားနိုင်ခဲ့ပြီးလည်းဖြစ်သည်။ စစ်သင်္ဘောအုပ်စုကြီးတွင် တိုက်လေယာဉ်အုပ်စုလေးစုပါဝင်သည်။

ထို့အပြင် အမေရိကန်၏ လေကြောင်းရန်ကာစနစ်များကို အီရတ်၊ ဆီးရီးယားနှင့် ဂျော်ဒန်တို့တွင် ချထားသည်။

အီရန်က ဒရုန်း ၁၀၀ ကျော်ပစ်လွှတ်လိုက်သည်ဟု အစ္စရေးတပ်မတော်က ခန့်မှန်းထားသည်။

အစ္စရေး၊ လက်ဘနွန်၊ အီရတ်နှင့် ဂျော်ဒန်တို့က ၎င်းတို့လေပိုင်နက်များကို ပိတ်ထားကြောင်း ကြေညာချက်များလည်း ဆက်တိုက်ထွက်လာနေသည်။

အစ္စရေးက စစ်ပွဲဆိုင်ရာ ကက်ဘိနက်အစည်းအဝေးခေါ်လိုက်ပြီး ဟိုင်ဖာတွင် အများပြည်သူအတွက် ဗုံးခိုရာနေရာများဖွင့်လှစ်ပေးထားလိုက်ကာ စာသင်ကျောင်းများပိတ်လိုက်သည်။