မန္တလေးမြို့တော်ဝန်မဏ္ဍပ် အနီး ဗုံးပေါက်ကွဲမှုဖြစ်

ပုံအညွှန်း- မန္တလေးမြို့တော်ဝန်မဏ္ဍပ် အကြိုနေ့မြင်ကွင်း

ပုံအညွှန်း- မန္တလေးမြို့တော်ဝန်မဏ္ဍပ် အကြိုနေ့မြင်ကွင်း

၀၀၈

(မဇ္ဈိမ) ။ ။ မန္တလေးမြို့ ၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီးတွင် ယနေ့ (ဧပြီ ၁၄ရက်) နံနက် ၁၀နာရီ၊ ၃၀မိနစ်ခန့်က ဗုံး နှစ်ကြိမ်ပေါက်ကွဲပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြို့ခံက ဆိုသည်။

မြို့တော်ဝန်မဏ္ဍပ်၏ တောင်ဘက် မန္တလေးမြို့တော်စည်ပင်ရုံးအနီး ယာဉ်အပ်နှံ‌ေရး နေရာ၊ ၇၁လမ်း၊ ၂၆လမ်းနှင့် ၂၇လမ်းကြားတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်‌ေကြာင်း သိရသည်။

“ပထမတော့ ဘယ်နေရာပေါက်မှန်းမသိဘူး။အသံကြားတော့ ပြေးတာပေါ့။ ပြေးနေရင်း နောက်ထပ်ပေါက်ကွဲသံ ထပ်ကြားရတယ်။ ကျုံးဘေးကလူတွေ အကုန်ပြေးပဲ။ မြို့တော်ဝန်မဏ္ဍပ်လည်း တန်းရပ်သွားတယ်။” ဟု ကျုံးဘေး ၂၆ လမ်းထိပ်တွင် ခရီးသည်စောင့်နေသည့် မီနီအိုးဝေ မောင်းသူကပြောသည်။

ပေါက်ကွဲမှုအနီးတွင် နေထိုင်သူ မြို့ခံတဦးကလည်း”ဆိုင်ကယ်စတင်း(ထားတဲ့နေရာ) မှာ ပေါက်တယ်။ ငါးမိနစ်ခြား တလုံး၊ နှစ်လုံးပေါက်တယ်။ သေတာတော့ မကြားဘူး။ ဒဏ်ရာရတာတော့ ၁၀ဦးကျော်မယ်။”ဟု ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ အရေအတွက်နှင့် ပတ်သက်၍ မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်‌ကောင်စီသည် မန္တလေးသင်္ကြန်စည်ကားစေရန်နှင့် လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းစေရန်အတွက်ဟုဆိုကာ နေရာအနှံ့ လက်နက်ကိုင် လုံခြုံရေး အပြည့်ချထားသည့်ကြားမှ ဖောက်ခွဲခံရခြင်း ဖြစ်သည်။

“မြို့တော်မဏ္ဍပ်နဲ့လည်းနီး၊ သူတို့ စည်ပင်ရုံးနဲ့လည်းနီးတဲ့ နေရာပေါက်တာပဲ။ အခုထိတာတော့ လည်တဲ့သူတွေဖြစ်မယ်။ ဖျော်ဖြေရေးတော့ နားထားတယ်။ လမ်းပေါ်လည်း ရှင်းသွားတယ်။”ဟု ဒဏ်ရာရသူများကို လာရောက်ကူညီပေးသည့် ပရဟိတ သမားတဦးက ပြောသည်။

ဒဏ်ရာရရှိသူများကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသွားသည့် ပုံများ မဖြန့်ရန်လည်း ပရဟိတသမားများကို တားမြစ်ထားကြောင်းသိရသည်။

ထိုသို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့သည် ကျုံး‌‌ေဘးတ‌ေလျာက် မိုင်းရှင်းလင်းခြင်းများ ပြုလုပ်‌ေနပြီး ဆိုင်ကယ်စီးလူငယ်များကို အဓိကထား စစ်ဆေးမှုများပြုလုပ်နေသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး