နယူးဒေလီမြို့တွင် မြန်မာသင်္ကြန်ပွဲကျင်းပ

ပုံအညွှန်း။ ။ ယနေ့ ( ဧပြီလ ၁၄ရက် ၂၀၂၄ ခုနှစ်) တွင်ကျင်းပသော မြန်မာအတာသင်္ကြန်ပွဲ (ဓာတ်ပုံ။ ။ Mizzima)

ပုံအညွှန်း။ ။ ယနေ့ ( ဧပြီလ ၁၄ရက် ၂၀၂၄ ခုနှစ်) တွင်ကျင်းပသော မြန်မာအတာသင်္ကြန်ပွဲ (ဓာတ်ပုံ။ ။ Mizzima)

(မဇ္စျိမ)။ ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို ယနေ့ ဧပြီလ ၁၄ရက်တွင်  ကျင်းပခဲ့ကြောင်းသိရသည်။

နံနက်ပိုင်းတွင် သံဃာငါးပါးကိုဆွမ်းကပ်တရားနာ အမျှဝေပြီး နေ့လယ်ပိုင်းတွင် ဖျော် ​ဖြေရေးအစီအစဥ်များ အဆို၊ အက၊ သံချပ်၊များဖြင့် ဖျော်ဖြေခဲ့ကြသည်။

တက်ရောက်လာကြသူများက ရေကစားခဲ့ကြပြီး ၎င်းတို့ကို မုန့်လုံးရေပေါ်၊ ရေခဲချောင်း၊ မုန့်လက်ဆောင်းများဖြင့် ဧည့်ခံခဲ့ကြသည်။

အဆိုပါပွဲကို နယူးဒေလီမြို့ရှိ မြန်မာအသိုက်အဝန်းက ကမကထပြုလုပ်ပြီး စေတနာရှင်အလှူရှင်များက ရန်ပုံငွေများထည့်ဝင်ခဲ့ကြောင်းသိရသည်။